Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီထောက်ပံ့ကပေးသည့် မျိုးစပါး ၂ မျိုးမှာ ကောက်ချေစပါး ကောက်မျိုးမအောင်ကြောင်း လယ်သမားများပြော

စစ်ကောင်စီထောက်ပံ့ကပေးသည့် မျိုးစပါး ၂ မျိုးမှာ ကောက်ချေစပါး ကောက်မျိုးမအောင်ကြောင်း လယ်သမားများပြော

ABN- ဟိန်းထွန်း

ဇူလိုင် ၁၅ ရက်

ရခိုင်ပြည်တွင် စစ်ကောင်စီကထောက်ပံ့ပေးသည့် မျိုးစပါး ၂ မျိုးမှာ ကောက်ချေစပါးသည် ကောက်မျိုးမအောင်ကြောင်း လယ်သမားများကပြောသည်။

ရပ်ရွာ ဥက္ကဌမှတစ်ဆင့် ၎င်းမျိုးစပါးများကို ဇူလိုင်လအစောပိုင်းက လယ်သမားများထံသို့ ဖြန့်ဝေပေးအပ်ခဲ့သည်ကို တွေ့ရသည်။

ကောက်ကြီး မျိုးစပါးနှင့် ကောက်ချေမျိုးစပါး ၂ မျိုးကို မုန်တိုင်းဒဏ်သင့် တောင်သူများကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် ကောက်ချေ မျိုးစပါးမှာ သတ်မှတ်ရက်ထက်ကျော်လွန်သွားသည့်အတွက် ပျိုးပင်ပေါက်နိုင်ခြေမရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းရွာမှ လယ်သမား ဦးမောင်ကျော်သန်းက ABN သို့ပြောသည်။

“သူတို့တွေက မျိုးစပါး ၂ မျိုးပေးပါတယ်၊ ကောက်ကြီးနဲ့ ကောက်ချေဖြစ်ပါတယ်၊ ကောက်ကြီးစပါးကတော့ နည်းနည်းအဆင်ပြေပါတယ်၊ ကောက်ချေ စပါးကတော့ သတ်မှတ်ရက်ထက်ကျော်လွန်သွားပါပြီ၊ အခုထိမပေါက်ကြသေးပါဘူး” ဟု ဆိုသည်။

လယ်သမားတစ်ဦးလျှင် ကောက်ကြီးမျိုးစပါး ၃ တောင်းကျော်နှင့် ကောက်ချေမျိုးစပါး ၂ တောင်ကျော်စီ ရရှိကြောင်း လယ်သမားများထံမှသိရသည်။

အဆိုပါ မျိုးစပါးများမပေါက်နိုင်သေးသည့်အတွက် စိုးရိမ်စိတ်များရှိနေပြီး ပျိုးထားသည့်မျိုးများ မဖြစ်ထွန်းလျှင် နောက်ထပ်ဝယ်မည့် ငွေကြေးမရှိကြောင်း ၎င်း မှဆက်၍ ပြောသည်။

“မျိုးစပါးတွေပျိုးထားတာကြာပါပြီ၊ မပေါက်သေးတော့ စိုးရိမ်မိပါတယ်၊ လယ်ကွင်းတွေမှာလည်းရေတွေများပါတယ်၊ စပါးမဖြစ်ထွန်းရင် နောက်ထပ်ပြီးဝယ်ဖို့ပိုက်ဆံကလည်းမရှိပါဘူး” ဟုဆိုသည်။

ပုံမှန်ဆိုလျှင် ကောက်ကြီးမျိုးစပါးသည် ဖြစ်ထွန်းရန်အတွက် ၅ ရက်မှ ၆ ကျော်ကြာပြီး၊ ကောက်ချေ မျိုးစပါးမှာ ၄ရက်မှ ၅ ရက်အတွင်းတွင် ဖြစ်ထွန်းကြောင်း ၎င်းထံမှသိရသည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးများက မျိုးစပါးပေးဝေသည့် ကောက်ကြီးစပါးများသည် ထွက်နူန်းအားကောင်းပြီး ကောက်ချေစပါးများ မှာ လက်ရှိအချိန်ထိ အဆင်မပြေနိုင်သေးကြောင်း ပေါက်တောမြို့နယ် မြင့်ဂါရွာဟောင်းမှ ဒေါ်မယဥ်နုက ABN သို့ပြောသည်။

“ကောက်ကြီးစပါးကတော့ ထွက်နှုန်းကောင်းပါတယ်၊ အဆင်ပြေတယ်၊”ကောက်ချေကတော့ အခုချိန်ထိ မပေါက်နိုင်သေးဘူး၊ ပုံမုန်ဆို ၄ ရက်ဆိုရင် အပင်သစ်စထွက်ပါပြီ ၊ ကြာရင်လည်းမတတ်နိုင်ဘူးပေါ့၊ ပေးတဲ့မျိုးတွေကို စောင့်ကြည့်နေရပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အဆိုးဝါးဆုံးတိုက်ခတ်သွားခဲ့သည့် မြို့နယ် ၈ မြို့နယ်ခုအား ပေါ် ဆန်းရန်စပါး ၄၀,၀၆၇ တင်း၊ GW-11 ၂၁,၅၀၀ တင်း ( ဒေသအခေါ် ကောက်ချေစပါး )နှင့် နှံကောက်မျိုးစပါး ၇,၈၃၀ တင်း၊ ပေါ် ကျားပျံမျိုးစပါး တင်းပေါင်း ၄,၀၀၀ တို့ကို ဇွန်လ ၄ရက်နေ့တွင် ရောက်ဖြန့်စနစ်ဖြန့် ပေးအပ်နေကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားခဲ့သည်ကိုတွေ့ရသည်။

ဓာတ်ပုံ-စပါးပင်မျိုးပေါက်နေသည့် စပါး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။