Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ် ရဟတ်ယာဥ်ပေါ်မှ ပစ်၍ ပုဏ္ဏားကျွန်းမြို့နယ် ဇိုက်ပင်ရင်းရွာရှိ ဘုန်းကြီးနှင့် စာသင်ကျောင်းဝန်းကို ထိမှန်ဟု ကနဦးသတင်းရရှိ

ယနေ့ မနက် ၉ နာရီကျော်ခန့်က စစ်ကောင်စီတပ် လေယာဥ်ပေါ်မှ လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဇိုက်ပင်ရင်းရွာမှ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝန်းကို ကျည်ထိမှန်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

ဇိုက်ပင်ရင်းရွာသားတစ်ဦး၏ ABN သတင်းဌာနသို့ သတင်းပေးပို့ချက်အရ ဇိုက်ပင်ရင်းရွာ စာသင်ကျောင်းဝန်းတွင် ကျည် ၂ ချက်နှင့် ဘုန်းကြီးကျောင်းဝန်းတွင် ကျည် ၂ ချက်စီ ကျရောက်ခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဥ်ပေါ်က ပစ်ချလိုက်လို့ စာသင်ကျောင်းကို ၂ ချက် ဘုန်းကြီးကျောင်းကို ၂ ချက်ကျတယ်” ဟုပြောသည်။

စစ်ကောင်စီ ရဟတ်ယာဥ် ၂ စီးမှာ ယနေ့ မနက် ၈ နာရီခွဲခန့်မှစကာ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများအပေါ်သို့ ဝဲပျံနေခဲ့ပြီး ၉ နာရီခန့်တွင် ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

တချိန်တည်းတွင် ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်၊ စစ်တွေမြို့ ပါဒလိတ်တပ်နှင့် ကွမ်းတောင်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်လျက်ရှိနေသည်။

ယနေ့မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာအနီး စစ်တွေ ရန်ကုန် ကားလမ်းမကြီးတွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်များသေဆုံး ဒဏ်ရာရရှိမှုများလည်း ရှိသည်ဟုသိရသည်။

နောက်ဆက်တွဲ သတင်းများကို ဆက်လက် တင်ပေးနိုင်ရန် စုံစမ်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ