Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ် တပ်စွဲထားသည့်ပန်းမြောင်းရွာအနီး တောင်ဖြူတောင်တွင် မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးဟုသိရ

ABN-ရာဟု

ရခိုင်ပြည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးရှိ အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားသည့် တောင်ဖြူတောင်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၅ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် တောင်ဖြူတောင်တွင် တပ်အပြောင်းအလဲများပြုလုပ်နေပြီး ဇန်နဝါရီလ ၂၂ရက်နေ့ ညနေ ၇နာရီ ၂၅ မိနစ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကာ စကစတပ်သား ၅ဦးသေဆုံးကြောင်း အနီးအနားရှိ ကျေးရွာများမှ ရွာသားများ၏ ပြောဆိုချက်အရ သိရှိရသည်။

‌”တောင်ဖြူတောင်ဖက်က ပေါက်ကွဲတာက ညနေ ၇နာရီ ၂၅မိနစ်မှာ ဖြစ်တာပါ ၊အဲဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်အ‌ပြောင်းအလဲလုပ်နေတယ်လို့ ပြောသံကြားတယ်၊ ခုဟာက အယင်ကလူတွေ ထောင်ထားတဲ့မိုင်းကို နင်မိပြီး ပေါက်ကွဲတာထင်တယ်၊ အသံက တအားကြားရတာ။ တပ်သား၅ဦး သေသွားတယ်လို့ ပြောသံတော့ကြားတယ် အတိကျမသိရဘူး” ဟု ပန်း‌မြောင်းရွာမှ အမည်မဖော်လိုသူတစ်ဦးက ABN ကို ‌ပြောဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား၅ဦးသေဆုံးသွားသည်ဟု ဒေသခံပြည်သူများ သတင်းပြောကြားချက်အရ သိရသော်လည်း ထိုသတင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ABNအနေဖြင့် ရခိုင်ပြည် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

စစ်ကောင်စီတပ် တပ်စွဲထားသည့်ပန်းမြောင်းရွာအနီး တောင်ဖြူတောင်တွင် မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးဟုသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ