Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်၏ မင်းပြားမြို့နယ်ရှိ စစ်သင်တန်းကျောင်း တိုင်းဗဟို ၉ က လက်နက်ကြီးများ ပစ်ခတ်

စစ်ကောင်စီတပ်၏ မင်းပြားမြို့နယ်ရှိ စစ်သင်တန်းကျောင်း တိုင်းဗဟို ၉ က လက်နက်ကြီးများ ပစ်ခတ်

ABN-ရှိုင်းမိုး

ဇူလိုင် ၁၂ရက်

ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်သင်တန်းကျောင်း တိုင်းဗဟို ၉ မှ ယနေ့ နံနက် ၇နာရီ ၄၉ မိနစ်အချိန်မှစ၍ လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

လင်နက်ကြီး ၁၀ ချက်ခန့် ပစ်ခတ်သံကြားရကြောင်း မင်းပြားမြို့နယ် မေလွမ်းရွာ ဒေသခံ ၁ ဦးက ပြောသည်။

” မနက် ၇နာရီကျော်ကတည်းကပစ်နေတာ၊ လက်နက်ငယ်မပါသေးဘူး၊ လက်နက်ကြီးတွေပစ်နေတာ၊ ၁၀ ချက်ကျော်ရှိပါပြီ၊ သူတို့က လက်နက်စမ်းတာလို့ပြောပါတယ်” ဟုပြောသည်။

လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုကို ၂ရက်ဆက်တိုက်ပစ်ခတ်သွားမည်ဟု သိရကြောင်း ၎င်းကဆက်ပြောသည်။

မင်းပြား တိုင်းဗဟို ၉ ဌာနမှ သင်တန်းဆင်းသည့်နေ့များတွင် လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်လေ့ရှိသည်ဟုသိရသည်။

လက်နက်ကြီးများမကြာခဏ ပစ်ခတ်နေခြင်းသည် ဒေသခံပြည်သူများနေထိုင်သည့် နေရာနှင့် နီးစပ်သောကြောင့် ပြည်သူများကို ခြိမ်းခြောက်နေသည်နဲ့တူနေကြောင်း ကမ်းနီရွာမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့က လက်နက် စမ်းတာလို့ပြောတယ်၊ ​နောက်ပြီး သင်တန်းဆင်းလို့ပစ်တာလို့ပြောတယ်၊ ဘယ်လိုဖြစ်ဖြစ် အခုလို့ မကြာခဏ ပစ်နေတာက ကျွန်မတို့အတွက် အဆင်မပြေပါဘူး၊ လက်နက်ကြီးသံကြားရင် ကလေးတွေက လန့်ပြီးငိုကြတယ်၊ ပြီးတော့ လက်နက်ကြီးပစ်တဲ့နေရာက ရွာတွေနဲ့သိပ်မဝေးဘူး၊ ဒါကြောင့် အခုလိုပစ်ခတ်နေတာက အနီးနားက ဒေသခံတွေကို ခြိမ်ခြောက်နေတာနဲ့တူပါတယ်” ဟုဆိုသည်။

လက်ရှိတွင် ရခိုင်သို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကယ်ဆယ်ရေးအကြောင်းပြပြီး ရခိုင်သို့ ရောက်နေချိန်တွင် ယခုကဲ့သို့ မင်းပြား တိုင်းဗဟို ၉ မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြစ်သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ