Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်၏လက်နက်ကြီး ကျည်စထိမှန်ခဲ့သော မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာမှ ၁၁ နှစ်အရွယ် ကလေး ဒုတိယအကြိမ် ပြန်လည်ခွဲစိပ်ရမည်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခန္ဓာ၏ဘေးစပ်တွင် ဒဏ်ရာ ရရှိသွားခဲ့သည့် အသက် ၁၁ နှစ်အရွယ် မောင်ကိုခိုင်ဝင်းမှာ ကျည်စကျန်နေသည့်အတွက် ဒုတိယအကြိမ်ပြန်လည်ခွဲစိပ်ရမည်ဖြစ်ကြောင်း သိရသည်။

မောင်ကိုခိုင်ဝင်း အသက် ၁၁ နှစ်အား လက်နက်ကြီးကျည်စ ထိမှန်သည့်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှစကာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူခဲ့ပြီး ၁၄ ရက်နေ့တွင် ခွဲစိပ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ပထမခွဲစိပ်မှုတွင် လက်နက်ကြီးကျည်စအား မရခဲ့ပေ။ ထိုကြောင့် နောက်ထပ်ခွဲစိပ်မှုတစ်ခုကို ပြုလုပ်ရမည်ဖြစ်ကြောင်း မောင်ကိုခိုင်ဝင်း၏ အဖဖြစ်သူ ဦးလှထွန်းခိုင်က ပြောသည်။

ဒဏ်ရာတွင် ကျည်စကျန်နေသည့်အတွက် မောင်ကိုခိုင်ဝင်းမှာ အပေါ့အပါးသွား၍ မရသည့်အပြင် ထိုင်ရန်ပင် အခက်အခဲဖြစ်နေရကြောင်း သူ့အဖေက ပြောသည်။

“အခြေအနေက မကောင်းသေးဘူး၊ အပေါ့သွားမယ်ဆိုရင်တောင် ပိုက်အသုံးပြုရတယ်၊ အရင်တစ်ခေါက် ဗိုက်ခွဲစိပ်တုန်းကလည်း ရှာမတွေ့ခဲ့ဘူး၊ ဆရာဝန်ကတော့ နောက်တစ်ခေါက် ပြန်ခွဲစိပ်ရမယ် ပြောတယ်၊ ခွဲစိပ်မဲ့ရက်တော့ မသိရသေးဘူး” ဟု ဦးလှထွန်းခိုင်က ပြောသည်။

မောင်ကိုခိုင်ဝင်းမှာ လက်ရှိအချိန်ထိ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ကုသနေရသည်မှာ ၁၁ ရက် ရှိနေပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ