Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်မှ မူဆလင်ရွာ အုပ်ချုပ်ရေးမှူး များနှင့် ရွာတာဝန်ခံများအားခေါ်၍ အစည်းအဝေးလုပ်၊ အုပ်ချုပ်ရေးမှူး ၂ ဦးအား ပြန်မလွှတ်ဘဲ ထိန်းသိမ်းထား

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နေ့လည် ၁ နာရီခန့်က စစ်ကောင်စီတပ် ၁၅ တပ်ရင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရွာတာဝန်ခံများ စုစုပေါင်း ၇ ဦးကို ခေါ်ကာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ၂ ဦးအားခေါ်ဆောင်ထားလိုက်ကြောင်းသိရသည်။

အစည်းအဝေးသို့တက်ရောက်ခဲ့ကြသူများမှာ ဘူးသီးတောင်မြို့နယ် ဆီးအိုးကျအုပ်ချုပ်ရေးမှူ ဦးနိုရ်ဟူဆိန့်၊ ဝရကျွန်းအုပ်ချုပ်ရေးမှူး ဦးကေဖဒူလာ၊ ဦးလှဖေအုပ်ချုပ်ရေးမှူး ဦးဟာမတ်ဒူလ္လာ၊ ကွန်တိုင်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါ၊ နန်းရာကုန်း ရွာတာဝန်ခံ ဦးမောင်စိုးနိုင် နှင့် အတွင်းငှက်သေအုပ်ချူပ်ရေးမှူး ဦးဟူးဆောင်းတို့ဖြစ်ကြပြီး ဆီအိုးကျအုပ်ချုပ်ရေးမှူး ဦး နိုရ်ဟူဆိန့်နှင့် ဦးလှဖေအုပ်ချုပ်ရေးမှူး ဦးဟာမတ်ဒုလ္လာတို့အား စစ်ကောင်စီတပ်မှ ခေါ်ထားလိုက်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ထိုအစည်းအဝေးတွင် စစ်ကောင်စီတပ်ဗိုလ်မှူးအဆင့်ရှိသူက (က) AAအဖွဲ့၊ ARSA အဖွဲ့များနှင့် လုံးဝမပူးပေါင်းရန်၊ အကယ်၍ ပူးပေါင်းပါက အရေးယူမည့်အကြောင်း (ခ) ကျေးရွာများ၌ ထူးခြားမှုများရှိလျင် အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် (ဂ) ယခုလက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန်အတွက် ရက္ခိုင့်တပ်တော်မှ အထက်လူကြီးများနှင့် စစ်ကောင်စီမှ အထက်လူကြီးများမှာ ဆွေးနွေးမှုများရှိနေကြောင်း၊ အပစ်အခတ်ရပ်စဲနိုင်လျှင် ပြည်သူလူထုများ၏ စီးပွားရေးများနှင့် သွားလာခွင့်များကို ရရှိလာကြမည်ဖြစ်ကြောင်း (ဃ) တိုက်ပွဲဖြစ်ပွားသည့် နေရာများနှင့် နီးစပ်သည့် ကျေးရွားများကို (NGO)မှ ပေးလာသော စားနပ်ရိက္ခာများကိုပေးရန် ဗျူဟာမှူမှ ခွင့်ပြုကြောင်း၊ (င) သူတို့ (ရွာဥက္ကဌများ) အုပ်ချူပ်နေကြသည့် ကျေးရွာများအား စနစ်တကျ အုပ်ချုပ်ကြရန် ပြောကြားခဲ့ပြီး အစည်းအဝေးမှာ မိနစ် ၃၀ ခန့် ကြာခဲ့သည် ဟုသိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့မှ လဝကရုံးစာရေး ဦးစိုးသီဟအောင် ၃၅ နှစ်အား မောင်တောရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲံ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်လင်းအား ဖမ်းဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး အလွတ်သဘော သဘောတူခဲ့ကြသည်။

စစ်ကောင်စီတပ်မှ မူဆလင်ရွာ အုပ်ချုပ်ရေးမှူး များနှင့် ရွာတာဝန်ခံများအားခေါ်၍ အစည်းအဝေးလုပ်၊ အုပ်ချုပ်ရေးမှူး ၂ ဦးအား ပြန်မလွှတ်ဘဲ ထိန်းသိမ်းထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ