Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် အရပ်သား၆ ဦးအား ကျောက်တော်မြို့မ ရဲစခန်းသို့ ရွှေ့ပြောင်း၊ ၁ ဦးမှာ ဒဏ်ရာတွင် လောက်ကျနေ

ရခိုင်ပြည် ကျောက်တော်အခြေစိုက်တပ်မ စကခ(၉)နှင့် စစ်ကောင်စီတပ်မ ၅၃၉တို့မှ ဖမ်းဆီးထားသည့် အရပ်သား ၆ ဦးအား ကျောက်တော်မြို့မ ရဲခန်းသို့ ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ကျောက်မြို့နယ် ဝပြန်ကျေးရွာမှ အဖဦးစောဦး၏သား မောင်သန်းဌေးနှင့် အဖဦးကျော်ဝင်း၏သား မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ကျေးရွာမှ အဖဦးမောင်တိန်ချေ၏သား ဦးသန်းစိုးနှင့် ရွေနတ်ပြင်ကျေးရွာမှ အဖဦးစိန်လှထွန်း၏သား ကိုမျိုးဦး၊မြေပုံမြို့နယ် အငူရွာသစ်မှ အဖဦးမောင်ထွီးယောင်၏သား မောင်မျိုးကို၊မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ အဖဦးစံမောင်၏သား ကျော်မောင်လင်းတို့ဖြစ်ကြသည်။

ယင်း ၆ ဦးထဲမှတစ်ဦး၏ ကျောကုန်းတွင် ဒဏ်ရာပြင်းထန်စွာရရှိထား၍ ယမန်နေ့ဒီဇင်ဘာ ၆ရက် နေ့လည် ၁နာရီကျော်က ကျောက်တော်မြို့ပြည်သူ့ ဆေးရုံးသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ရသည်ဟု ခိုင်မာသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒဏ်ရာရရှိထားသူ စုစုပေါင်း ၃ ဦးဖြစ်ပြီး ကျောကုန်းတွင် ဒဏ်ရာရရှိထားသူ၏ ဒဏ်ရာတွင် လောက်ကောင်များ ကျနေသည်အထိ ဆိုးဝါးစွာ ဖြစ်နေကြောင်း သိရသည်။

“ကျောကုန်းက ဒဏ်ရာမှာ လောက်တောင်ကျနေတာ အရမ်းဆိုးပါတယ်။ မနေ့ကတော့ ဆေးရုံသွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရတာက အားလုံး ၃ ယောက်ပါ” ဟု ခိုင်မာသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်အပါဝင် နောက်ထပ် ၅ ဦးကိုလည်း ကျောက်တော်မြို့မ ရဲစခန်းသို့ပိုဆောင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် အရပ်သား၆ ဦးအား ကျောက်တော်မြို့မ ရဲစခန်းသို့ ရွှေ့ပြောင်း၊ ၁ ဦးမှာ ဒဏ်ရာတွင် လောက်ကျနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ