Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်မှ ပုဏ္ဏားကျွန်းမြို့နယ် ရှိရပ်ရွာများဖက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ

ယနေ့နိုဝင်ဘာလ၁၅ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှပုဏ္ဏားကျွန်းမြို့နယ် ရှိရပ်ရွာများဖက်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိနေသည်။

ကွမ်းတောင်အခြေစိုက် စစ်ကောင်စီတပ်မမှယနေ့နံနက်ပိုင်း၆နာရီ၂၈မိနစ်မှစပြီးလက်နက်ကြီးလက်နက်များဖြင့်၁ မိနစ်ခြားဆက်တိုက်ပစ်ခတ်နေကြောင်းသိရသည်။

”မနက်ကတည်းကပစ်နေတာ အခုဆိုအချက်၂၀ တောင်ကျော်သွားပြီ။ဘယ်ဘက်ကိုလှမ်း ပစ်နေတာတော့အတိအကျမသိသေးဘူး။ ရွာသူရွာသားတွေလည်းကြောက်လို့ဗုံးခိုကျင်းထဲမှာပုန်းနေရတယ်။ ဆက်ပြီး စစ်ဖြစ်လာမှာကိုလည်းစိုးရိမ်နေကြတယ်”ဟု ကွမ်းထောင်ဒေသခံတစ်ဦးက ABNသို့ပြောသည်။

စစ်တွေမြို့နယ်ပါဒလိတ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အမြင့်ကျွန်းတံတားဖက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်နေကြောင်းသိရသည်။

”လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ တိုက်ပွဲဖြစ်လာခဲ့ရင် စစ်ကောင်စီက ပြည်သူကို ဓားစာခံလုပ်လာမှာကိုစိုးရိမ်တယ်။ စစ်ကောင်စီက ပြည်သူဆိုပြီးလည်း ညှာတာမဟုတ်ဘူး” ဟု လတ်တလောစစ်ဘေးရှောင်နေရသူ တစ်ဦးမှပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်းလမ်းမတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေး တင်းမာနေမှုမှာ နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ ပြင်းထန်နေဆဲ ဖြစ်သည်။

ထိုကားလမ်းတွင် ကုန်ကားများနှင့် ခရီးသည်ကားများ ပိတ်မိနေသည်မှာ ၅ ရက်ကြာမြင့်နေပြီ ဖြစ်သည်။

ကားလမ်းဘေးရှိ ပုဏ္ဏားကျွန်းမြို့အနီး ဆင်အင်းကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနှင်း တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

လက်ရှိနိုဝင်ဘာလအတွင်းစစ်ကောင်စီတပ်များသည်ရခိုင်ပြည်နယ်ရှိမြို့ရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူများအားဖမ်းဆီးခြင်းများကိုနေစဉ်နေ့တိုင်းလုပ်ဆောင်နေလျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ