Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စညှင်းရွာထဲသို့လာပြီး ဖုန်း ၁ လုံး ခိုးသွား ကြောင်း သိရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စညှင်းရွာထဲသို့လာပြီး ဖုန်း ၁ လုံး ခိုးသွား ကြောင်း သိရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁၅ ရက်

ရခိုင်ပြည်၊ မြေပုံမြို့နယ် စညှင်းရွာတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၂ ဦးက အရက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းခိုးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့သတင်းပေးပို့လာခဲ့သည်။

ဖုန်းအခိုးခံရသူမှာ မြေပုံမြို့နယ် စညှင်းရွာမှ အဖ ဦးမြင့်ဝေ၏ သမီး အသက် ၁၉ နှစ်အရွယ် မဥမ္မာစိုးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသည် ယမန်နေ့ က စညှင်းရွာရှိ BE အရက်ဖြူဆီလာဝယ်ယူရာတွင် ၎င်းဆိုင်မှ အမျိုးသမီးလည်း ထိုအရက်မရှိသည့် အတွက် အခြားတစ်ဆိုင်သို့သွားဝယ်၍ ပြန်လာချိန်တွင် စကစ တပ်ဖွဲ့ဝင်တို့ ဖုန်းခိုးသွားခဲ့ကြောင်း ဒေသခံတစ်ဦး က AB News သို့ပြောသည်။

“စကစတပ်ဖွဲ့ဝင် ၂ ယောက်က BE အရက်ဖြူဆီဝယ်ဖို့ သူမ ဆိုင်ကိုသွားပါတယ်၊ အဲ့ဒီအရက်က သူမ ဆိုင်မှာမရှိတဲ့အတွက် အခြားတစ်ဆိုင်ကိုဝယ်ဖို့သွားပါတယ်၊ ဖုန်းကို ဆိုင်မှာထားခဲ့တယ်၊ သူအရက်ဝယ်လို့ပြန်လာတဲ့အခါ စကစတပ်ဖွဲ့ဝင်တွေက ဖုန်းခိုးလို့ပြေးသွားပါတယ်” ဟု ဆိုသည်။

ဖုန်းအခိုးခံရပြီးနောက် မဥမ္မာစိုးနှင့် အစ်ကိုဖြစ်သူအပါအဝင် ဆိုင်ကယ် ၃စီးဖြင့် ၎င်းတို့နောက်သို့ပြေးလိုက်ခဲ့ရာ ဖုန်းကိုလက်ခံရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

စညှင်းတောင်ပေါ်တပ်စွဲထားသည့် စကစ၏ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ၎င်း၏တပ်သားများကို စစ်ဆေးခဲ့ရာ ဖုန်းခိုးယူလာခြင်းဖြစ်သည့်အတွက် တပ်ဖွဲ့များကို ထိုက်တန်သည့် ပြစ်ဒဏ်များပေးခဲ့ကြောင်း ၎င်းမှဆက်၍ ပြောသည်။

“ကျနော်တို့စညှင်းတောင်ပေါ်မှာ တပ်ချထားတဲ့ အဖွဲ့ဝင်တွေဖြစ်ပါတယ်၊ တပ်ရင်းရဲ့ခေါင်းဆောင်ဖြစ်မယ်ထင်ပါတယ်၊ ခိုးသွားတဲ့သူတွေကိုစစ်ဆေးတယ်၊ ခိုးသွားတဲ့သူလည်းဝန်ခံတော့ တပ်ဖွဲ့ဝင်တွေကို ပြစ်ဒဏ်ပေးနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နာမည်​ပျက်သွားမည့်အခြေအနေတွင်ရှိနေသည့်အပြင် သတင်းအမှောင်ချရန်ကြိုးစားနေသည့်အတွက် ၎င်းဖုန်းခိုးသည့် ကိစ္စကို မည်သူ့ကိုမှ မပြောစေလိုကြောင်း ပြောလိုက်သည်ဟု သိရသည်။

လက်ရှိတွင် စကစတပ်ဖွဲ့ဝင်များခိုးသွားသည့် ဖုန်းကို ပြန်ရပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသော်လည်း ဖုန်းပိုင်ရှင်ကို ABN မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်း၏ဖုန်းစက်ပိတ်ထားကြောင်း သိရသည်။

ယခုလို ရွာထဲကနေပြီး ဖုန်းလာခိုးသည့်အတွက် ရွာသူ/ရွာသားများသည် စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ရက်နေ့က စကစတပ်ဖွဲ့ဝင်များသည် ရိက္ခါချရန်အတွက် စညှင်းရွာ၏ ကားလမ်းမဘေးနားတွင် ယာယီတဲ ၂ ဆောင်ဆောက်လုပ်ထားမှုရှိခြင်း၊ တပ်ဖွဲ့ဝင်များရွာသို့ နေ့တိုင်းလာခြင်း၊ စစ်ကားများ သွားလာနေမှုရှိနေသည့်အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ ပြန်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ