သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ဖမ်းယူသွားခဲ့သည့် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာမှ ရွာသား ၆ ဦးပြန်လွတ်လာ

စစ်ကောင်စီတပ်သားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင် (ရခိုင်ရွာ) မှ ရွာသား ၆ ဦးပြန်လွတ်လာကြောင်း သတင်းရရှိသည်။

၎င်းရွာသား ၆ ဦးကို ပြီးခဲ့သည့်လ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၁၄ ရက် နေ့လည် ၂ နာရီခွဲခန့်က ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် ရွာသားများမှာမောင်ဖြူ(၃၅)နှစ်၊ ရွှေထွန်း(၃၈)နှစ်၊ ညွန့်ဝင်း(၃၅)နှစ်၊ သန်းထွန်းအောင်(၁၆)နှစ်၊ ထွန်းသာလှ(၂၄)နှစ်၊ မောင်မျိုးဝင်း(၃၇)နှစ်တို့ဖြစ်ကြသည်။

ထို စက်တက်ဘာ ၂၄ ရက်နေ့က ဘူးသီးတောင်ဗျူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သပိတ်တောင် ကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် ရခိုင်ပြည် စစ်တွေမြို့အပါအဝင် မြို့အများအပြားတွင် အရပ်သားများအား ညအချိန်တွင် အင်အားသုံး ဖမ်းဆီးလျက်ရှိသည်။

စစ်ကောင်စီတပ်က ဖမ်းယူသွားခဲ့သည့် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာမှ ရွာသား ၆ ဦးပြန်လွတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး