Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဦးဇေယျကျော် အာမခံဖြင့် ပြန်လွတ်လာ

ရခိုင်ပြည် တောင်ကုတ်မြို့ မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားခဲ့ရသည့် ဦးဇေယျကျော် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက အာမခံဖြင့် ပြန်လွတ်လာကြောင်း သိရသည်။

၎င်းကို နိုဝင်ဘာ ၈ရက်နေ့ က တောင်ကုတ်မြို့ ကလေးကစားကွင်း၌ ရှိနေစဥ် အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဦးဇေယျကျော်အား ဖမ်းဆီးခံရပြီးကတည်းက တောင်ကုတ် အခြေစိုက် စကခ ( ၅ ) တပ်မ၌ ရက်ပေါင်း ၄၅ ရက်ကြာ ထိမ်းသိမ်းခံထားခဲ့ရသည်။

ဦးဇေယျကျော်မှာ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ မှ ၂၀၂၁ အထိ ရက္ခိုင့်တပ်နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ၁ နှစ် နီးပါးကြာ မတရား အကျဥ်းကျခံခဲ့ရသေးသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဦးဇေယျကျော် အာမခံဖြင့် ပြန်လွတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ