Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်ကို ကျောက်တော်မြို့မရဲစခန်းတွင် ချုပ်ထားကြောင်း သိရ

ကျောက်တော် တပ်မ စကခ (၉) မှ နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးသွားသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်ကို ကျောက်တော်မြို့မရဲစခန်းတွင် ချုပ်ထားကြောင်းစုံစမ်းသိရှိရသည်။

အဖ ဦးစံရွှေ၏သား ဦးစောမိုးကျော်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မင်းပြားမှ စစ်တွေ့သို့သွားရာလမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းမှာ စကခ ၉ မှ ဖမ်းသွားပြီးနောက် မိသားစုနှင့် ဆက်သွယ်မှု လုံးဝမရှိဘဲ ရှိနေခဲ့ကာ ယခု ကျောက်တော်မြို့မရဲစခန်းတွင် ရောက်ရှိနေသည်ကို မိသားစုများအား ဆက်သွယ်၍ ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

ကျောက်တော်မြို့မ ရဲစခန်းတွင် ရောက်ရှိနေသည်မှာ ၄ ရက်ခန့်ကြာပြီဖြစ်ကြောင်းလည်း ခိုင်လုံသည့် သတင်းရင်းမြစ်ပေးပို့ချက်အရ သိရသည်။

ဦးစောမိုးကျော်မှာ မင်းပြားမြို့ဇာတိဖြစ်ပြီး စစ်တွေမြို့တွင်အခြေချနေထိုင်သူဖြစ်ပြီး အလှဓာတ်ပုံနှင့် ပွဲလမ်းသဘင်ပုံများကို ရိုက်ကူးလေ့ရှိသော ဓာတ်ပုံဆရာတစ်ဦးဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘုတ်ကို လေ့လာချက်အရ သိရသည်။

နောက်ထပ် မင်းပြားမြို့နယ်မှ ဆယ်တန်းနှစ်ဟောင်းကျောင်းသူတစ်ဦးနှင့် ၎င်းငှားစီလာသည့် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးတို့မှာလည်း မောင်တောကြိမ်ချောင်း စစ်ဆေးရဲတွင် အဖမ်းခံရပြီးနောက် ၁ လကျော်ကြာသည်အထိ မိသားစုနှင့် အဆက် အဆက်အသွယ် မရရှိ‌သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဓာတ်ပုံဆရာ ဦးစောမိုးကျော်ကို ကျောက်တော်မြို့မရဲစခန်းတွင် ချုပ်ထားကြောင်း သိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ