Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အမ်းမြို့နယ်က လူနာ ၁ ဦး ဆေးရုံတွင်ကွယ်လွန်သွားကြောင်း သိရ

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အမ်းမြို့နယ်က လူနာ ၁ ဦး ဆေးရုံတွင်ကွယ်လွန်သွားကြောင်း သိရ

AB News-နိုဝင်ဘာ ၁၅၊ ၂၀၂၃

နိုဝင်ဘာ ၁၄ ရက်နေ့ ညိည့်က စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းရွာမှ အမျိုးသမီး ၁ ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် ကျည်စထိထားသည့် ဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်သွားသူမှာ သဲကမ်းထောင်းရွာမှ အဖ ဦးနီထွန်းဦး၏ သမီး အသက် ၄၀ နှစ်အရွယ်ရှိ ဒေါ်ခင်ဆန်းရွှေဖြစ်ပြီး၊ ၎င်းတွင် ကျည်စထိမှန် ဒဏ်ရာ ၃ ချက်ရရှိခဲ့ကြောင်း သိရသည်။

ကျည်ထိဒဏ်ရာများမှာ ဘယ်ဖက်လက်မောင်းရင်းတွင် ၁ ချက်၊ ဘယ်ဖက်ဆီးစပ်တွင် ၁ ချက်နှင့် ဘယ်ဖက်ပေါင်တွင် ၁ ချက် ထိမှန်ခဲ့ကြောင်း သိရသည်။

သဲကမ်းထောင်းရွာ၊ ဒေါ်ခင်ဆန်းရွှေ၏ နေအိမ် နောက်လမ်းသို့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညသန်းခေါင်ချိန် ၁၁ နာရီ မိနစ် ၄၀ တွင် စစ်ကောင်စီတပ်၏ ကဇုကိုင်းဗျူဟာမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်စ ထိမှန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ရွာတည်းမှ ဦးရွှေစောသည်လည်း နိုဝင်ဘာလ ၁၄ ရက်နေ့ညတွင်ပင် ကမ်းထောင်းကြီး ဆေးရုံတွင် ကျည်ထိ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် အမ်းမြို့နယ် ဒါးလက်ချောင်း အလယ်ကျွန်းရွာမှ လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် သူများမှာလည်း အနောက်ရွာ တိုက်နယ်ဆေးရုံတွင် ဆက်လက်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ