Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ရမ်းဗြဲမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချမှုကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

စစ်ကောင်စီက ရမ်းဗြဲမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချမှုကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

AB News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ် ကြက်သရေကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဦးမောင်လွမ်းသာဖြစ်သည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်း ၇ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ကြက်သရေကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ထိလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းသို့ ဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံအမျိုးသား တစ်ဦးက AB News သို့ပြောသည်။

“စကစ တွေက ဂျက်ဖိုက်တာနဲ့လာပစ်တယ်၊ ​ဗုံးကြဲချတဲ့အခါသူရဲ့အိမ်ခေါင်မိုးပေါ်ကျတယ်၊ ဗုံးစတွေက သူရဲ့ဦးခေါင်းနဲ့ ခြေထောက်တွေကိုထိမှန်သွားတယ်၊ ကျနော်တို့လည်းပြေးနေကြတာပါ”  ဟုဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဟတ်စကီး ၂ စီး၊ Y 12 ဗုံးကြဲလေယာဥ်တစ်စီးအပါအဝင် Jet Fighter တိုက်ခိုက်ရေးလေယာဥ်တို့ဖြင့် ၎င်းရွာသို့ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းကြောင့် တက္ကသိုလ်ဝင်ကျောင်းသားတစ်ဦးသေဆုံးသွားခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ အိမ် ၃ ဆောင်မီးလောင်ပြာကျခဲ့ရပြီး နွားတစ်ကောင်လည်း သေဆုံးသွားခဲ့သည်။

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးအဘက်ဘက်မှ အရှုံးဖြင့် ရင်ဆိုင်နေရသော စစ်ကောင်စီအဖွဲ့သည် အရပ်ဘက် စစ်ဘက်မခွဲခြားဘဲ ရွာထဲရှိဒေသခံများကို AA ဟုသတ်မှတ်ပြီး ဗုံးကြဲတိုက်ခိုက်လာကြောင်းတွေ့ရသည်။

အာဏာစလက်လွှတ်ရန် လက်တစ်ကမ်းအလိုသို့ရောက်ရှိနေသော စကစတို့သည် ပြည်သူများကိုဦးတည်ပစ်မှတ်ထားလာခြင်း၊ ဗုံးကြဲချခြင်း၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းနှင့်ဒေသခံများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းများကို ပြောင်ပြောင်တင်းတင် ကျုးလွန်လျက်ရှိသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ရမ်းဗြဲမြို့နယ် အနီးတဝိုက်တွင် ၂ ဖက်တိုက်ပွဲများရှိနေသည့်အတွက် ဒေသခံပြည်သူများစွာလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှု ယခင်ထက်ပိုများလာကြောင်း ဒေသခံများထံမှတစ်ဆင့်သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ