Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဆေးရုံအား ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲဖျက်ဆီး ၊ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရ၊ ဆေးရုံလည်းပျက်စီးသွား

AB News – မတ်လ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဆေးရုံအား အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ ဆေးရုံအတွင်း သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး မဝါ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ မတ်လ ၂၄ ရက် နံနက် ၄ နာရီကျော်တွင် ကမ်းထောင်ကြီးမြို့ ဆေးရုံအား Jet Fighter ၂ စီးဖြင့်လာရောက်ပြီး ဗုံးကြဲသွားခဲ့ရာ ဆေးရုံလည်းပျက်စီးပြီး အမျိုးသမီး ၁ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” မနက် ၄ နာရီလောက်မှာ ဝုန်းဆိုပြီးအသံကြားလိုက်တယ်။ ဆေးရုံမှာကျပါတယ်။ ဆေးရုံမှာ သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားပါတာ်။ ဆေးရုံလည်း ပျက်စီးသွားတယ် ” ဟု ဆိုသည်။

သူမမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အတွက် နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြေပုံမြို့နယ်သို့ လေကြောင်းဖြင့် တိုက်ခိုက်လာမှု ၃ ရက်ဆက်တိုက် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။

ယမန်နေ့မတ်လ ၂၃ ရက်နေ့ကလည်း မြေပုံမြို့နယ် သရက်တောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပုဇွန်ကန်ထဲတွင်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံလည်း ပြိုကျပျက်စီးသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၂ ရက်၊ နေ့လည် ၁၂ နာရီ  ကျော်တွင်လည်း စစ်ကောင်စီက မြေပုံမြို့နယ် ညောင်ကန်ကျေးရွာသို့ ဂျက်ဖိုက်တာ ၂ စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား ၅ ဦးထက်မနည်းဒဏ်ရာရရှိပြီး  အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှနေပြီး ရက္ခိုင့်တပ်တော်ထိန်းချုပ်နေမြများသို့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရရှိများတိုးပွားလာနေသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ