Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းပိတ်ဆို့ထားသည်မှာ၂ပတ်တိတိကြာမြင့်လာ ၊ ပြည်သူများ အခက်အခဲဖြစ်နေရ

စစ်ကောင်စီက စစ်တွေ-ရန်ကုန်ကားလမ်းတွင်ရှိသော ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းပိုင်းနှင့် စစ်တွေမြို့ အ၀င်အထွက်ဂိတ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက စတင် ပိတ်ဆို့ထားသည်မှာ ၂ပတျတိတျိကွာမွငျ့လာသည့ျအတှကျ ပြည်သူများကူးသန်းရောင်းဝယ်ရေးနှင့် ဆေးဝါးကုသရ န်သွားလာရေးအတွက် အခက်အခဲဖြစ်နေကြရသည်။

“စစ်တွေမြို့ကလူတွေလည်း မြို့ပြင်ကိုထွက်ခွင့်မရှိသလို မြို့ပြင်ကလူတွေနှင့်ကုန်ပစ္စည်းတွေဆိုလည်း မြို့ထဲကို သွားလာတင်သွင်းခွင့်မပြုတာ ခုဆို၂ပတ်တိတိပြည့်သွားပြီ ပစ္စည်းတချို့ပြတ်လပ်ပြီးရှာမရတော့ဘူး ၊ နယ်ကလာတဲ့ပြည်သူတွေအကုန်လုံးမြို့ပေါ်မှာပိတ်မိနေသလို မှာထားတဲ့ကုန်ပစ္စည်းတွေကလည်း အကုန် လမ်းမှာ သောင်တင်နေလို့ ပျက်စီးဆုံးရှုံးတော့မှာ လမ်းကဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ခုထိမသိရသေးဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ABN ကိုပြောဆိုသည်။

စစ်ကောင်စီက ယခုလိုလမ်းပိတ်ဆို့ထားမှုကြောင့် ကုန်စည် ပြတ်တောက်မှုများဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းများလည်း အဆမတန်ဈေးတက်လာပြီး ပြည်သူများအခက်အခဲများဖြစ်နေရကြောင်း စုံစမ်းသိရှိရသည်။

“ဆေးလာကုတာ ဆေးခန်းပြပြီးပြန်မယ်လုပ်တော့ လမ်းကပိတ်သွားပြီ ဘယ်လိုမှသွားမရတော့ဘူး။ ဆွေမျိုးကလည်းမရှိတော့ တည်ခိုခန်းမှာတည်းနေရတာ။ ပါလာတဲ့ပိုက်ဆံကကုန်တော့မယ် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးဟု” ဆေးလာကုသူတစ်ဦးက ABN ကိုပြောသည်။

စစ်ကောင်စီက ကုန်စည်စီးဆင်မှုမရှိများကို ပိတ်ပင်ကန့်သတ်ထားသောကြောင့် မြို့ပေါ်မှာတွင်သာမက ကျေးရွာများတွင်လည်း စားသုံးဆီနှင့်တခြားစားသောက်ကုန်ပစ္စည်းများ ၊ ဆေးဝါးရိက္ခာများ ပြတ်လတ်မှုများ ဖြစ်ပေါ်နေကြရသည်။

ထို့အပြင် ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းမ ဘေးရှိ ကျေးရွာများမှာ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရသည်။

၎င်းအပြင် စစ်ဘေးရှောင်ရွာများမှ ကျောင်းသားများမှာလည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ