Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး မြောက်ဦးမြို့ထဲမှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

AB News-၂၅၊ ၂၀၂၃

ရက္ခိုင်ပြည်၏ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည့် မြောက်ဦးမြို့ထဲတွင် ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်က စစ်ကောင်စီအဖွဲ့က ပစ်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာပြင်းထန်းရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၄၀ အရွယ်ရှိ ဦးမောင်မောင်သိန်း ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၄၃ နှစ်အရွယ် ဦးထွန်းဖြူသာ၊ အသက် ၁၁ နှစ်အရွယ် မမြတ်မြတ်သွယ်၊ အသက် ၁၈ နှစ်အရွယ် မခင်စိုးဝင်းတို့ဖြစ်သည်။

မမြတ်မြတ်သွယ်၏ ဘယ်ဖက်ခြေထောက်နှင့်ဘဘယ်ဖက်လက်တို့တွင် ကျည်စများထိမှန်သွားပြီး၊ ဦးထွန်းဖြူသာမှာ ဘယ်ဖက်တင်ပါးတွင် လက်နက်စထိမှန်ကာ မခင်စိုးဝင်မှာ ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာများ ပြင်းထန်ရရှိခဲ့ကြသည်။

​ကျည်ထိ ဒဏ်ရာရသွားသူ၏ ဒဏ်ရာအသေးစိတ်များကို စုံစမ်းနေဆဲဖြစ်သည်။

ယမန့်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လည် ၂ နာရီခန့်ကလည်း မြောက်ဦးတွင် စကစအဖွဲ့က လက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့်သွားနေသည့် လင်မယား ၂ ဦးသေဆုံးပြီး သမီးဖြစ်သူ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့က သေဆုံးသွားသူများမှာ အသက် ၃၅ နှစ်အရွယ် ဦးစံမောင် နှင့် အသက် ၂၆ နှစ်အရွယ် ဒေါ်လှလှသန်းဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိသွားသည့်ကလေးငယ်မှာ အသက် ၅ နှစ်အရွယ် မခိုင်စောဝေဖြစ်သည်။

ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာပြင်းထန်ရရှိခဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်၏ ဘယ်ဖက်လမ်း တစ်ဖက်အားဖြတ်လိုက်ရကြောင်း သိရသည်။

ထို့အပြင် မြောက်ဦးမြို့ထဲမှ စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၉ ကိုလည်း ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

၎င်းအပြင် ယနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၅ နာရီက စစ်ကောင်စီအဖွဲ့ ၅၄၀ တပ်ရင်းမှ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်အား လက်နက်ကြီးဖြစ် ပစ်ခတ်ခဲ့သဖြင့် ရှေးသုအဆောင်၊ ကျောက်စာများနှင့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

#ABN#မြောက်ဦး#စကစပစ်၍အရပ်သားသေဆုံးထိခိုက်ဒဏ်ရာရ

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

Telegram

https://t.me/arakanbaynews

Website

www.arakanbaynews.com

Facebook

https://www.facebook.com/ArakanBayNewsMedia

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ