Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပေါက်တောနယ်မှ ပြည်သူ ၆ ဦးဒဏ်ရာရ၊ ၁ ဦးဒဏ်ရာပြင်းထန်

AB News – ဧပြီ ၂၊ ၂၀၂၄

စစ်တွေအခြေစိုက် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပေါက်တောမြို့နယ်မှ ပြည်သူ ၆ ဦးဒဏ်ရာရရှိပြီး ၁ ဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ ပေါက်တောမြို့နယ် မော်ထုပ်ကြီးရွာမှ အဖ ဦးငလုံး၏သား အသက် ၂၆ နှစ်အရွယ် မောင်ဇော်ဝင်းနိုင်၊ အဖ ဦးဦးစိန်အောင်၏သမီး အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်ရွှေဝင်း၊ အဖ ဦးအမဲ၏ သား အအသက် ၆၉ နှစ်အရွယ် ဒေါ်ကံယုံမေ၊ အဖ ဦး ရွှေသိန်းချေ၏သမီး အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း၊ အဖ ဦးထွန်းသာအောင်၏သား အသက် ၆၈ နှစ်အရွယ် ဦးအောင်ဇင်ဖြူ နှင့် အဖ ဦးသာစံလှ၏သား အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူတို့ဖြစ်သည်။

ယနေ့ဧပြီလ ၂ ရက်နေ့ ၊ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ပေါက်တောမြို့နယ်ဖက်သို့ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ လက်နက်ကြီး ၆ လုံးထဲမှ ၅ လုံးသည်  မော်ထုပ်ကြီးရွာနှင့် ဒါးကိုင်ရွာကြားရှိ လယ်ကွင်းတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ မော်ထုပ်ကြီးရွာ၏ စျေးအနီးဓာတ်တိုင် မီးကြိုးသို့ကျရောက် ပေါက်ကွဲခဲ့ရာ ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“လက်နက်ကြီး ၆ လုံးပစ်ပါတယ်။ ၅ လုံးက လယ်ကွင်းမှာပေါက်ကွဲတယ်။ နောက်တစ်လုံးက ရွာထဲက စျေးအနီး ဓာတ်တိုင်ကြိုးမှာကျတယ်။ ဝါးနှီးထိုးနေတဲ့ ဇော်ဝင်းနိုင် ထိမှန်သွားတယ်။ လက်နက်ကြီးအသံကိုကြားပြီး စျေးကထွက်ပြေးလာတဲ့ လူ ၅ ယောက်ဒဏ်ရသွားတယ်” ဟုဆိုသည်။

၎င်းထဲတွင် ဇော်ဝင်းနိုင်သည် ဦးခေါင်းကွဲသွားသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းများသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်၊ နေ့လည် ၁ နာရီ ၅၀ မိနစ်တွင်လည်း စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်တာမြို့နယ် လက်ပံပြားရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင်  ၃ ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ