Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ထောင်ထားသော မိုင်းကိုနင်းမိပြီး မြေပုံမြို့နယ် ဒေသခံ၂ ဦး ဒဏ်ရာပြင်းထန်ရကာ အရေးပေါ် ဆေးရုံတင်ထားရ

စစ်ကောင်စီက ထောင်ထားသော မိုင်းကိုနင်းမိပြီး မြေပုံမြို့နယ် ဒေသခံ၂ ဦး ဒဏ်ရာပြင်းထန်ရကာ အရေးပေါ် ဆေးရုံတင်ထားရ

AB News – ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်မှာ စစ်ကောင်စီက ထောင်ထားသော မိုင်းကိုနင်းမိပြီး ဒေသခံ၂ ဦး ဒဏ်ရာပြင်းထန်ရရှိကာ အရေးပေါ် ဆေးရုံတင်ထားရ ကြောင်း သိရသည်။

မိုင်းနင်းမိသူများမှာ မြေပုံမြို့နယ်၊ ဝက်ရူးရွာမှ အသက် ၄၀ နှစ်အရွယ် ဦးမောင်မြင့်သန်းနှင့် အသက် ၅၀ နှစ်အရွယ် ဦးစိုးမောင်တို့ ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၈ ရက် မွန်းလွှဲ ၁ နာရီကျော်တွင် လယ်ကွင်းသို့သွားရာ၌ ယိုးချောင်း တံတားအနီးရှိ စကစ ကထောင်ထားသည့် မိုင်းကိုနင်းမိ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးစိုးမောင်၏ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ကာ ဦးမောင်မြင့်သန်း၏မျက်နှာ၌ မိုင်းစထိမှန်သွားခဲ့သည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သူများကို ကမ်းထောင်းကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်၏ ရဲစခန်းအနီး၌ထောင်ထားသော မြေမြုပ်မိုင်းကို ဒေသခံတစ်ဦးနင်းမိခဲ့ပြီး ​ခြေ ၂ ဖက်ပြတ်ထွက်သွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့၏ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး ခြံစည်းရိုး၊ တပ်ရင်းအနီးခြံစည်းရိုးပတ်ဝန်းကျင်အနီး နှင့် လူသွားလမ်းများတွင် မိုင်းထောင်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ