Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက တရားစွဲဆိုထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု တရားလိုပြသက်သေမရောက်

စစ်ကောင်စီက တရားစွဲဆိုထားသည့် မြောက်ဦးဒေသခံ ၃ ဦးအမှု တရားလိုပြသက်သေမရောက်

ABN-ရာဟု

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးဒေသခံ ၃ ဦးအမှုကို ယမန်နေ့ ဧပြီလ၄ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလိုပြသက်သေ မရောက်ရှိ၍ စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

တရားစွဲဆိုခံထားရသူများမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် နှင့် တိန်ညိုကျေးရွာမှ ကိုပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ရုံးထုတ်တွင် စစ်ကောင်စီဖက်မှ တရားလို

ပြသက်သေများမရောက်လာသဖြင့်တရားသူကြီးက ရုံးချိန်းကို ထပ်မံရက်ရွေ့လိုက်ခြင်းဖြစ်သည်။

“ရုံးထုတ်တာ တရားလိုပြ သက်သေတွေ မရောက်လို့ အမှုကိုထပ်ရုံးချိန်းလိုက်တယ် ၊ပြီးခဲ့တဲ့အခေါက်ကလည်း သူတို့ဖက်က သက်သေမရောက်လို့ ရုံးချိန်းရက်ရွှေ့တာ ၊ကျမတို့ သွားလာရတာ ခရီးစရိတ်တွေ ကုန်တာပဲ အဖတ်တင်တယ်၊ အမြန်ပြီးစေချင်တယ်” ဟု ကိုပြည့်စုံဝင်း ဇနီး မလှဘုကABN သို့ပြောဆိုသည်။

၎င်းတို့ ှိာရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးတရားစွဲဆိုခံထားရခြင်းဖြစ်သည်။

၎င်းတို့မိသားစုများမှာ နေ့စားလက်လုပ်လက်စားအလုပ်သမားများသာဖြစ်​ပြီး AAကို ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်းနှင့် အမှုကို အမြန်ပြီးပြတ်စေလိုကြောင်း ကိုကိုညွန့် ဖခင်ဖြစ်သူက ပြောသည်။

“သူတို့က မတရားဖမ်းဆီးပြီး ၅၀၅(က)၊ ၁၇(၁) တို့နဲ့စွဲထားတာ။ ကျနော်တို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ နေ့စားအလုပ်သမားတွေပါ ၊ ကျနော့သားက AAကို မထောက်ပံ့နိုင်ပါဘူး” ဟု ကိုကိုညွန့်ဖခင်က ABNကိုပြောဆိုသည်။

အမှုမှာ ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး မြောက်ဦးမြို့နယ် တရားရုံးက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၉ လကျော်ကြာမြင့်လာသော်လည်း အမှုကိုဖြေရှင်းပြီးမြောက်ခြင်းမရှိဘဲဖြစ်နေသည်။

၄င်းတို့ကို စစ်ကောင်စီတပ်က ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးကာ မြောက်ဦးမြို့နယ် တရားရုံးတွင် ရာဇာသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နှင့် ၁၇(၁) ပုဒ်မနှစ်ခုတို့ဖြင့် တရားစွဲဆိုခံထားရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ