
ABN-ထက်မြတ်ခင်
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီက အတင်းနေရပ်ပြန်ခိုင်းပြီး အဆောင်များကိုပါဖြိုဖျက်ခိုင်းသည့်အတွက်ကြောင့် ယနေ့မတ်လ၃၁ရက်နေ့တွင် နေရပ်ပြန်မည့် စစ်ဘေးရှောင်များကိုယ်တိုင် အဆောင်များကို ဖြိုဖျက်နေကြရကြောင်း သိရသည်။
မတ်လ ၃၀ရက်နေ့မှစကာ ယနေ့မတ်လ ၃၁ရက်နေ့ထိ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်များမှာ အိမ်ထောင်စု ၆၄၄စု လူဦးရေ ၂၇၀၆ဦးတို့သည် ၎င်းတို့အစီအစဉ်ဖြင့်နေရပ်ပြန်သွားကြရမည်ဖြစ်ပြီး ၎င်းတို့နေခဲ့သည့် အဆောင်များကိုပါ ဖျက်သိမ်းထားခဲ့ရမည်ဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့ရှိ နေပူခံစစ်ဘေးရှောင်စခန်းမှ ၁၂စု၊ Cocခရစ်ယာန်စစ်ဘေးရှောင်ကျောင်းမှ ၅စု၊ မှန်ကျောင်းစစ်ဘေးရှောင်စခန်းမှ ၁စု၊ မဟာမုနိစစ်ဘေးရှောင်စခန်းမှ ၄၂၆စု ညောင်းချောင်း ၆၆စု၊ သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှ ၉စု ရှမ်းရွာစစ်ဘေးရှောင်းစခန်းမှ ၄၃စု၊ ရထားဘူတာစခန်းမှ ၄စု၊ ကဝိရတနာစစ်ဘေးရှောင်းခန်းမှ ၃၀စု၊ သိမ်ပြင်စစ်ဘေးရှောင်စခန်းမှ ၃၁စုနှင့် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ၃၁စုတို့ဖြစ်ကြသည်။
ဓာတ်ပုံ-စစ်ဘေးရှောင်စခန်းများအား ဖြိုနေကြသည့်ပုံနှင့် အိမ်ပြန်ကြသည့်ပုံများ/ABN









