Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ပိတ်ထားသည့်အတွက် ရခိုင်ရှိ စစ်တွေမြို့အပါအဝင် မြို့နယ် ၅ ခုတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ယခုလ နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ စစ်ရေးတင်းမာနေသည့်အတွက် စစ်တွေ-ပုဏ္ဏားကျွန်းကြား အဝေးပြေးကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသောကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည်မှာ ၂ ပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။

ထိုသို့ ကုန်စည်စီးဆင်းမှုကို ပိတ်ထားသည့်အတွက် ရခိုင်ပြည်၏ မြို့တော် စစ်တွေအပါအဝင် မြို့နယ် ၅ ခုတွင် စက်သုံးဆီဈေးနှုန်းများ တဟုန်ထိုးမြင့်တက်လျက်ရှိနေသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့် မြို့နယ်များမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင်ဖြစ်ပြီး စစ်တွေတွင်မူ မြို့တွင်းရော မြို့နယ်ရှိ ကျေးရွာများတွင်ပါ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

စစ်တွေမြို့တွင် စက်သုံးဆီး အရောင်းဆိုင်ကြီးများ အားလုံး ဆီပြတ်လပ်၍ ပိတ်ထားရပြီး လမ်းဘေးတွင် ရေသန့်ဗူးဖြင့် ရောင်းသည့် ဆိုင်များတွင် ၁ လီတာ ရေသန့်ဗူး ၁ လုံးလျင် ၄၀၀၀ မှာ ၄၅၀၀ ဝန်းကျင်ထိ ပေးဝယ်နေရကြောင်း စစ်တွေမြို့ခံ ဦးကျော်စံဦးက ပြောသည်။

ဆီဈေးကြီးလို့ ဆိုင်ကယ်တောင် ပုံမှန်စီးဖို့ မလွယ်တော့ဘူး။ ဆီဆိုင်တွေက အကုန်ပိတ်ထားတယ်။ လမ်းဘေးက ဆိုင်တွေမှာဘဲ ၄၀၀၀ ကျော်ပေးဝယ်နေရတယ် ဟု ပြောသည်။

ထို့အပြင် ဘူးသီးတောင်မြို့တွင်းနှင့် ကျေးရွာများတွင်လည်း စက်သုံးဆီ ၁ လီတာကို ၇၀၀၀ လောက်ထိ ပေးဝယ်နေရကြောင်း ရွာသားတစ်ဦးက ပြောသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအများစုတွင်လည်း စက်သုံးဆီဈေးနှုန်း ၄၂၀၀ မှ ၄၅၀၀ လောက်ထိ ပေး၍ ဝယ်နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင် ဦးအောင်ဘုကေ က ပြောသည်။

ပုဏ္ဏားကျွန်းနယ်ရှိ ကျေးရွာအချို့တွင် ရောင်းနေသည့် စက်သီးဆီများမှာ လမ်းမပိတ်မီက ဝယ်ထားသည့် ဆီလက်ကျန်များဖြစ်ပြီး ဆက်လက်ပြီး လမ်းပိတ်ထားပါက စက်သုံးဆီ လုံးဝ ပြတ်သွားနိုင်ကြောင်း ဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေတွင် စက်သုံးဆီဈေးအပါအဝင် အခြေခံ လူသုံးကုန်ပစ္စည်းများပါ ပြတ်လပ်လာနေသည့်အတွက် ကုန်ဈေးနှုန်းများမှာ မတန်တဆ မြင့်တက်လျက်ရှိသည်။

စစ်တွေ-ပုဏ္ဏားကျွန်းကြား အဝေးပြေးကားလမ်းမကြီးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ စစ်ကေင်စီစီတပ်မှ စစ်တွေမြို့ အဝင်အထွက် ဂိတ်မှစ၍ ပိတ်ထားခြင်း ဖြစ်ပြီး ကျန်းမာရေးအတွက် အရေးပေါ် လူနာတင်ယာဥ်များပင် လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ ဖြစ်နေသည်။

၎င်းအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများကိုလည်း စစ်ကောင်စီတပ်မှ ကန့်သတ် ပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင်များမှ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ