Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ကမ်းထောင်းကြီးမြို့ကိုလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီက ကမ်းထောင်းကြီးမြို့ကိုလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

AB News – မတ်လ ၃၊၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီအဖွဲ့က  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်မှ ဦးမောင်မောင်သန်း ဖြစ်သည်။

ယမန်နေ့ မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီကျော်တွင် အမ်းမြို့နယ် ကဇုကိုင်းရွာအနီးရှိ စကစ အခြေစိုက် ခမရ(  ၅၃၄ ) တပ်ရင်းမှ လက်နက်ကြီး ၈လုံးထိ ကမ်းထောင်းကြီးမြို့ကို ပစ်ခတ်ခဲ့ရာ ဦးမောင်မောင်သန်း၏ နေအိမ်အတွင်းသို့ ကျည် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့​ပြီး  ဒဏ်ရာရသွားခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

” စကစရဲ့ ခမရ ၅၄၃ က လက်နက်ကြီးတွေ အများကြီးပစ်ပါတယ်။ တစ်လုံးက အိမ်ခြံထဲမှာပေါက်ကွဲသွားတယ်။ ဗုံးစထိမှန်သွားတယ်။ လယ်ကွင်းတွေမှာလည်း ကျတယ်” ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ကမ်းထောင်းကြီးမြို့အနီးရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲဲ့သည် ယမန်နေ့ မတ်လ ၂ ရက်နေ့ကလည်း အမ်းမြို့နယ်တပ်တောင်မြို့အားဗုံး ၅ လုံးထက်မနည်းကြဲချ တိုက်ခိုက်ခဲ့၍ အထက်တန်းစာသင်ကျောင်း နှင့် ခြံစည်းရိုးများပျက်စီးခဲ့ရသည့်အပြင် မြို့အနှံ့အပြားမှာ လက်နက်ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အရှုံးဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူနေထူထပ်သောမြို့သို့ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” ဒီမှာဘာတိုက်ပွဲမှလည်းမရှိဘူး။ ဒါကိုစကစ လက်နက်ကြီးပစ်တာ။ ကျမတို့လည်းထွက်ပြေးခဲ့ရတယ်။ အကုန်လုံးလည်းထိတ်လန့်နေကြတယ်”ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့က ၊ လက်နက်ကြီးများ အပါအဝင် တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အနီးအနားရှိရွာများမှဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရလျက်ရှိသည်။

အလားတူ မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်သို့ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ