Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်နေ၊ ထိခိုက်ပျက်စီမှုအခြေနေ မသိရသေး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၇ရက်

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီမှရဟတ်ယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်ဟုသိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့ နံနက် ၆နာရီကျော်အချိန်က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာအနားတွင် စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်မှ ရဟတ်ယာဥ်ဖြင့်ဗုံးကြဲနေသည်ဟုသိရသည်။

စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်သောကြောင့် နောင်ကြီးအိုင်ရွာ၊ ထုံးဘိုရွာ၊ ဘုံလက်ခတ်ရွာ၊ ချောင်းဆုံရွာ၊ ဆည်ကြီးရွာနှင့် ညောင်ပင်ကန်ရွာမှ ပြည်သူများ တိမ်းရှောင်နေရသည်ဟုသိရှိရသည်။

လက်ရှိအချိန်ထိ ထိုက်ခိုက်ပျက်စီးဆုံးရှုံးမှုများကိုမသိရှိရသေးပေ။

စက်တင်ဘာလ ၁၆ရက်နေ့ ညနေ့ဘက် ၇နာရီအချိန်က မကွေးတိုင်း မြင်သာကုန်းရွာအရှေ့ဘက်ကမ်းကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်သောကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိနေခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ