Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကား ၆၈ စီးဖြင့်တင်ပို့သည့် ရိက္ခာ၊ လက်နက်နှင့် စစ်သားများအား စစ်တပ်နေဗီ ၄ စီးဖြင့် မင်းပြားသို့ ဦးတည်သွားနေကြောင်းသိရ

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၇ နာရီက စစ်တွေ ရွှေမင်းဂံရေတပ်မှ ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်အင်အားအပြည့်ပါသည့် နေဗီ ၄ စီးသည် မင်းပြားဘက်သို့ ဦးတည်တက်သွားကြောင်း သိရသည်။

အဆိုပါ နေဗီ ၄ စီးတွင် စစ်ကား ၆၈ စီးဖြင့် တင်ပို့လာသည့် ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်သားများကို ဖြည့်ထားခြင်း ဖြစ်ပြီး၊ ထိုပစ္စည်းများကို ဒီဇင်ဘာ ၃ ရက်နေ့က ၄၅ စီးနှင့် ၄ ရက်နေ့က ၂၃ စီးအသီးသီးရောက်ရှိလာပြီး ၂ ရက်ကြာ ဖြည့်တင်း တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ သတိထားမိသလောက်တော့ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက် ၂ ရက်လုံးလုံး ကားတောက်လျောက် သွားနေတာတွေ့တယ်။ ဒီနေ့မနက်မှာ ထွက်သွားပါတယ်။ ရိက္ခာတွေ ဒီလောက် ဖြည့်နေကြတာ တိုက်ပွဲ ပြန်ဖြစ်လာမလား မသိဘူး” ဟု မျက်မြင်တစ်ဦးက ပြောသည်။

စစ်ကား ၆၈ စီဖြင့် ဖြည့်တင်းထားသည့် ရိက္ခာများကို စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ ယနေ့မနက် ၇ ခန့်က နေဗီ ၄ စီး မင်းပြားဖက်သို့ ထွက်ခွာသွားပြီး ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က မောင်တောဘက်သို့ နေဗီတစ်စီး ထွက်ခွာသွားကြောင်း သိရသည်။

၎င်း နေဗီများတွင် နေဗီတစ်စီးစီတွင် စစ်သားအင်အား ၈၀ မှ ၁၀၀အထိရှိနိုင်ပြီး ရိက္ခာများမှာ ဆန်နှင့်ဆီစည်များဖြစ်ကာ သေတ္တာများတွင် လက်နက်ခဲယမ်းများ ဖြစ်ကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့မှစကာ ယာယီအပစ်အခတ် ရပ်စဲထားပြီးနောက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု မရှိသော်လည်း စစ်ကောင်စီဖက်မှ ရိက္ခာဖြည့်တင်းမှု စစ်အင်အား တိုးချဲ့ ဖြည့်တင်းမှုများကို နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိနေသည်။

၎င်းအပြင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့ထဲများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး စစ်ဆေးမှု၊ တပ်ဖြန့် နေရာချထားမှုများကို ပြုလုပ်လျက်ရှိသည်ကို ယခု ရက်ပိုင်းအတွင်း တွေ့နေရသည်။

စစ်ကား ၆၈ စီးဖြင့်တင်ပို့သည့် ရိက္ခာ၊ လက်နက်နှင့် စစ်သားများအား စစ်တပ်နေဗီ ၄ စီးဖြင့် မင်းပြားသို့ ဦးတည်သွားနေကြောင်းသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ