Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကား ၂၈စီးဖြင့် ရိက္ခာများဖြည့်တင်းထားသည့် နေဗီ ၂ စင်း မင်းပြားဘက်သို့ ဦးတည်တက်သွား

စစ်ကောင်စီမှ စစ်ကား ၂၈ စီးဖြင့် ရိက္ခာများဖြည့်တင်းထားသည့် နေဗီ ၂ စင်း မှာ မင်းပြားဖက်သို့ ယမန်နေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်အချိန်တွင် ဦးတည်ပြီးတက်သွားကြောင်း သိရသည်။

၎င်းနေဗီ ၂ စင်းသည် စစ်တွေရွှေမင်းဂံရေတပ်မှ ဇန်နဝါရီ ၂ရက်နေ့တွင် ရိက္ခာအပြည်ဖြည့်ပြီး နေ့လယ် ၁နာရီအချိန်တွင် မင်းပြားဘက်သို့ ဦးတည်ပြီးတက်သွားကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်အရသိရသည်။

ဟုတ်ပါတယ် နေဗီ ၂ စင်းထဲမှာတော့ လူအင်အားအပြည့်၊ ရိက္ခာအပြည့်ပါပါတယ်၊ စစ်ကား ၂၈ စီးနှင့် ရိက္ခာဖြည့်တာပါ ဟု သတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။

ထို့အပြင် ယမန်နေ့က အမ်းမြို့မှ မအီးမြို့သို့ စစ်ကောင်စီတပ်သားအင်အား ၁၃၅ယောက်ခန့်ကို စစ်ကား ၉စီးဖြင့် ပို့ခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင်လည်း နေဗီ ၃ စင်းဖြင့် ပလက်ဝဖက်သို့ ရိက္ခာနှင့် လက်နက်အပြည့်ဖြည့်ကာ တက်သွားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်ဆိုင်းလိုက်သည့် အချိန်မှ စကာ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်မှ လက်နက်အင်အား၊ လူအင်အား၊ ရိက္ခာဖြည့်တင်းမှုနှင့်အတူ စစ်ရေးလှုပ်ရှားမှုများကိုပါ ဆက်တိုက်လုပ်ဆောင်လာသည့်အတွက်ကြောင့် ဒေသခံပြည်သူများမှာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ကို တွေ့ရသည်။

စစ်ကား ၂၈စီးဖြင့် ရိက္ခာများဖြည့်တင်းထားသည့် နေဗီ ၂ စင်း မင်းပြားဘက်သို့ ဦးတည်တက်သွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ