Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ကျောက်တော်မြို့နယ်မှ ဆောင်းသီးနှံစိုက် တောင်သူများမှာ မြေပဲ မစိုက်ပျိုးနိုင်ဟု သိရ

စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ကျောက်တော်မြို့နယ်မှ ဆောင်းသီးနှံစိုက် တောင်သူများမှာ မြေပဲ မစိုက်ပျိုးနိုင်ဟု သိရ

AB News – ဒီဇင်ဘာ ၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာများမှ တောင်သူများမှာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် ဆောင်းသီးနှံအဖြစ် အဓိကစိုက်ပျိုးသည့် မြေပဲ မစိုက်ပျိုးနိုင်ဘဲ အခက်တွေ့လျက်ရှိသည်ဟုသိရသည်။

ကျောက်တော်မြို့နယ်ရှိ မြေပဲ အဓိကစိုက်ပျိုးသည့် အပေါက်ဝရွာ၊ နေပူခံရွာ၊ ဒုတ္ကန်ချောင်းရွာ၊ ဘိုမင်းရွာ၊ အုပ်ကြွပ်ရွာ နှင့် အခြားကျေးရွာများမှ တောင်သူများမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေသောကြောင့် မြေပဲ မစိုက်ပျိုးနိုင်ဖြစ်နေကြောင်း ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

” ဒီက တောင်သူတွေဟာ မိုးရာသီမှာ စပါးစိုက်ပျိုးပြီး ဆောင်းရာသီမှာ မြေပဲစိုက်ပျိုးကြပါတယ်။ ဒါနဲ့ အသက်မွေးနေကြတာ။ ယခု စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့လိုက်တော့ စက်သုံးဆီဈေးနှုန်းက အရမ်းမြင့်တက်နေတယ်။ စစ်ကောင်စီအဖွဲ့ကလည်း လက်နက်ကြီးတွေနှင့် အရပ်သား​တွေကို ပစ်ခတ်နေတော့ အပြင်ထွက်ပြီး မလုပ်ရဲ့တာလည်း ပါကြတယ်။အဲ့ဒါကြောင့် တောင်သူတွေ မြေပဲမစိုက်နိုင် ဖြစ်နေတယ်” ဟု ဆိုသည်။

တောင်သူများမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည်က တစ်ကြောင်း စစ်ကောင်စီအဖွဲ့က လက်နက်ကြီးများဖြင့် အရပ်သားများအား ပစ်ခတ်နေသည်က တစ်ကြောင်းတို့ကြောင့် တောင်သူများမှာ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲ ဖြစ်နေကြသည်။

ရက္ခိုင်ပြည်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အခြားမြို့များတွင်လည်း စက်သုံးဆီ ပြတ်တောက်နေသောကြောင်း ရက္ခိုင်ပြည်၏ အဓိကထွက်ကုန်ဖြစ်သည့် စပါးရိပ်သိမ်းရန် အခက်​ကြုံလျက်ရှိသည်။

ရက္ခိုင်ပြည်တွင် စက်သုံးဆီ ၁လီတာ ဈေးနှုန်း၁သောင်းကျော်အထိ မြင့်တက်နေပြီး ရန်ကုန် စက်သုံးဆီဈေးနှုန်းထက် ၄ဆ မြင့်တက်နေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ