Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စက်လှေ ၂ စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

နိုဝင်ဘာ ၃ ရက်နေ့နှင့် ၄ ရက်နေ့ များတွင် စစ်လှေ ၂ စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး တစ္စီးကို သစ်မှောင်ခိုမှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် စက်လှေ ၂ စီးမြာ မင်းပြားမြို့နယ် ကြပ်စင် တံတားအနီးတွင် တပ်စွဲထားသော တပ်မှ ဖမ်းဆီးခဲ့သည့် တစ်စီးနှင့် နောက်တစ်စီးကို မင်းပြားမြို့နယ် အမြင့်ကျွန်းတံတားအောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် တစ်စီးတို့ဖြစ်ကြသည်။

ပေါက်တောမြို့နယ် ချောင်းနွယ်ရွာမှ ဦးမောင်စံလင်း အသက် ၄၀ နှစ် ပိုင်ဆိုင်သည့် စက်လှေကို မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးတွင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက္က စက်လှေပိုင်ရှင်နှင့်အတူ ယာဉ်အကူ ဦးစိုးနိုင် အသက် ၄၃ နှစ်တို့အား ထိုတံတား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကာ မင်းပြားမြို့မရဲစခန်းတွင် အမှုဖွင့်ရန် စီစဉ်နေကြောင်းသိရသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ အစိုးရမြ မတရားဝါဒဖြင့်နေသည့် ရခိုင်နေ့စဉ်သတင်း ဖေ့စ်ဘုတ် စာမျက်နှာတွင် ၎င်းစက်လှေဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သတင်းတွင် ထိုစက်လှေ၌ ကာလတန်ဖိုးပေါက်ဈေး ၂ သိန်း ၂ သောင်း ၅ ထောင်ဖိုး တရားမဝင် တင်ဆောင်လာသောကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်းပါရှိပြီး ထိုသစ္မ်ားကို မင်းပြားမြို့နယ် သစ်တောဌာနသို့ ပို့ထားကြောင်းပါရှိသည်။

စက်လှေပိုင်ရှင် ဦးမောင်စံလင်း၏ အိမ်ရှင်မမှာ ယနေ့ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းထိ မည်သည့်အဆက်အသွယ်မှ မရရှိသေးကြောင်း ABN သို့ ပြောကြားသည်။

နောက်ထပ် တစ္စီးမွာ စစ်တွေမြို့ ရေချမ်းပြင်ရွာမှ ဦးသန်းဇော် အသက် ၂၈ နှစ် ပိုင်ဆိုင်သည့် စက်လှေ(ဘုတ်) ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ညေန ၄ နာရီခန့်က ကုန်ပစ္စည်း၊ ခရီးသည်များနှင့်အတူ စစ်တွေ မာစီးတီးဆိပ်ကမ်းမှ ဘူးသီတောင်ဖက်သို့ ထွက်လာစဉ် ပုဏ္ဏားကျွန်းမြို့နယ် အမြင့်ကျွန်းတံတားအောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သေနတ်ဖောက်ကာ ခေါ်ယူပြီး ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖမ်းဆီးခံရသည့် စက်လှေတွင် စက်လှေအငှားမောင်သူ ၄ ဦးပါဝင် ခရီးသည် ၁၂ ဦးကျော်ထိပါရှိပြီး နောက်ဆက်တွဲ အခြေအနေနှင့်ပတ်သက်ပြီး အဆက်အသွယ်မရရှိ၍ မည်သည့်အကြောင်းအရာမှ မသိရှိရသေးကြောင်း ဘုတ်ပိုင်ရှင်ဖြစ်သူ ဦးသန်းဇော်မှ ABN ကိုပြောသည်။

မနေ့က ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ ဘုတ်မောင်းသူ ၄ ဦးနှင့်အတူ ခရီးသည် ၁၂ ဦးကျော်ပါတယ်လို့တော့ သိထားပါတယ် နောက်ထပ် ဖမ်းဆီးခံရပြီးနောက်ပိုင်း အခြေအနေကို ဘာမြ မသိရေသးဘူး၊ အဆက်အသွယ်လည်းမရဘူး ဟု ပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး၊ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီ၏ ကုန်းတပ်၊ ရေတပ် မ်ားမွ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးမှု၊ ဒဏ်ရာပြင်းထန်ရရှိမှုများနေ့စဥ် တိုးလာနေသည်။

စက်လှေ ၂ စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ