Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကစ၏ ကျောက်တန်းဂိတ်တွင် မူဆလင် အမျိုးသားတစ်ဦး ပြင်းထန်စွာရိုက်နှက်စစ်ဆေးခံရ ပြီး ငွေကျပ်သိန်း၂၀ကျော်ကိုပါ စစ်ဆေးရေးဂိတ်က သိမ်းယူသွားကြောင်းဆို

စကစ၏ ကျောက်တန်းဂိတ်တွင် မူဆလင် အမျိုးသားတစ်ဦး ပြင်းထန်စွာရိုက်နှက်စစ်ဆေးခံရ ပြီး ငွေကျပ်သိန်း၂၀ကျော်ကိုပါ စစ်ဆေးရေးဂိတ်က သိမ်းယူသွားကြောင်းဆို

ABN-ရာဟု

ဇူလိုင် ၂၂ရက်

ရခိုင်ပြည် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်ရှိ စစ်သားနှင့် ရဲများကဇူလိုင်လ ၂၁ရက်နေ့ နေ့လည်က ခရီးသွား မူဆလင်အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်စစ်ဆေးကာ ၎င်းတွင်ပါလာသည့်ငွေကျပ်သိန်း၂၀ကိုပါ မတရားသိမ်းယူသွားသည်ဟု သ်ိရသည်။

စစ်ဆေးရေးဂိတ်တွင် မတရားဖမ်းဆီးရိုက်နှက် စစ်ဆေးခံရသူမှာ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှ မောင်ချော်ဘီအာလမ်း အသက် ၂၇နှစ် ဖြစ်ပြီး ၎င်းမှာ စစ်တွေမှ ရသေ့တောင်သို့အပြန်လမ်း ကျောက်တန်းဂိတ်တွင် နေ့လည် ၂နာရီ ၃၀မိနစ်က ဖမ်းဆီးရိုက်နှက် စစ်ဆေး ခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်တွေရှိ ဆွေးမျိုးများရှိရာသို့ အလည်သွားရောက်ပြီးအပြန်တွင် ဖမ်းဆီးကာ ၂နာရီနီးပါး ဖမ်းဆီး ရိုက်နှက် နှိပ်စက်ခံရပြီး ၎င်းတွင်ပါလာသည့်ငွေကျပ် ၃၂သိန်းမှ သိန်း၂၀ ကိုလည်းသိမ်းယူထားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ ၁ ဦးက ပြောသည်။

ကျောက်တန်းဂိတ်က ရိုက်နှက်ပြီး ထိုမောင်ချော်ဘီအာလမ်းကို ကားတစ်စီးပေါ်တင်ကာ ဆေးရုံသို့ ပို့လိုက်ကြောင်း ပြောသည်။

ချော်ဘီအာလမ်းတွင်ပါလာသည့် ငွေ ၃၂သိန်းမှာ ၎င်းပိုင်ငွေများမဟုတ်ဘဲ တစ်ရွာတည်းနေ ဦးကော်ဘိရ်အာမတ်ပိုင်ငွေ သိန်း ၂၀ကျော်ပါဝင်ပြီး ငွေလွှဲဆိုင်က ထုတ်ယူလာသည့် ငေံများဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများပြင်းထန်သောကြောင့် ချော်ဘီအာလမ်းမှာ လမ်းမလျှောက်နိုင်ဘဲ အိပ်ယာထဲတွင် လဲနေရသည်ဟု မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်က မူဆလင်အများစုမှာ ပြည်တွင်း လွတ်လပ်စွာ သွားလာခွင့်မရဘဲ၊ စစ်ဆေးရေးဂိန်များက မူဆလင်များဆိုလျှင် ငွေညှစ်တောင်းခြင်းများ ရှိကြောင်း ရခိုင်ပြည်မှ မူဆလင်များထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ