Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကစလက်အောက်ခံ မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက်ထားပြီဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

AB News – ဒီဇင်ဘာ ၂၇၊ ၂၀၂၃

ပြည်သူများကို အင်အားပြခြိမ်းခြောက်နေသော စကစလက်အောက်ခံ မြောက်ဦးခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဟု ညီနောင် ၃ ဖွဲ့က ယမန်နေ့ဒီဇင်ဘာလ ၂၆ရက် ညဥ့် ၁ နာရီ ၄ မိနစ်တွင်ထုတ်ပြန်လိုက်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ဒီဇင်ဘာလ(၂၆) ရက်နေ့တွင် “မြောက်ဦး ခရိုင်ရဲစခန်း” အား ညနေ (၉) နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်အတွင်း စကစဖက်မှ ရဟတ်ယာဥ်၊ ဂျက်တိုက်လေယာဥ် ၊ ဒရုန်း အပါအဝင် လက်နက်ကြီး ၄ မျိုးဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သော်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှုမှာ စကစက ရှုံးနိမ့်ခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် မြောက်ဦးမြို့ ဘုရားပေါ်စခန်းတွင် ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် ကလေးငယ် ၃ ဦးအပါအဝင် သက်ကြီးပိုင်း၁ ဦးတို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူ ၂ ဦးရှိခဲ့သည်။

ထို့အပြင် ည (၈) နာရီ (၃၀) မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ခွဆုံအနီးတွင် ရက္ခိုင့်တပ်‌‌‌တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇၊ ၃၇၈ ၊၅၄၀ တပ်ရင်း၊ ရဲတပ်ရင်း ၃၁တို့က လက်ရှိအချိန်အထိ ပစ်ခတ်လျက်ရှိနေသော်လည်း ၎င်းစခန်းများကိုလည်း AA ကသိမ်းပိုက်ရန် စစ်ဆင်ရေးပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ