ABN – ကိုဟိန်းထွန်း
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငါးဇင်ရိုင်းချောင်းကျွန်းရှိ မျက်မှောင်တော်ဓာတ်၏ ၇၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲကို ယနေ့တွင်ကျင်းပနေကြောင်းတွေ့ရသည်။
အဆိုပါဓာတ်တော်သည် ဣန္ဒပဗ္ဗတ တောင်ကုန်းပေါ်တွင် တည်ရှိပြီး ငါးဇင်ရိုင်းကျွန်းပေါ်ရှိ ၁၃ ရွာမှ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ကိုးကွယ်ဆည်းကပ်သည့်ဓာတ်တော်ဖြစ်သည်။
ထိုပွဲတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာဇာတ်ပွဲ နှင့် ကလေးများစီးသော လေနန်းတော်တို့အပါအဝင် အခြားပျော်ရွှင်ပွဲများပါရှိကြောင်းသိရသည်။
ဒါကသမိုင်းဝင်စေတီဖြစ်တယ်၊ အဓိကတော့ ဘုရားသုံးဆူကိုအကြောင်းပြုပြီး ဖြစ်တည်လာတာပါ၊ နှစ်စဥ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်၊ လူတွေလည်းများစွာရောက်ပါတယ်၊ ဒီကျွန်းရဲ့ ၁၃ ရွာကရပ်မိရပ်ဖတွေနဲ့စုပေါင်းပြီး ကိုးကွယ်ကြတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ဦးကျော်စိုးဝင်းက ABN သို့ပြောသည်။
ဂေါတမမြတ်စွာဘုရား၏ ဌာပနာတိုက်ကိုဖွင့်ကာ ရဟန္တာ အရှင်မောဂ္ဂလိပုတ္တ ဝိဿမထေရ်ကို အမှူးထားလျှက် ကိုးတိုင်း၊ ကိုးဒေသသို့သာသနာပြုစေလွှတ်ခဲ့ရာ ခိုင်ပြည်သို့ ရဟန္တာအရှင် ရေဝတ မထေနှင့် အရှင်သောဏမထေရ်တို့သည် ကြွ ရာက်တော်မူခဲ့ပါသည်။
ထိုအချိန်၌ ရခိုင်ပြည်တွင် တတိယဓညဝတီ ဘုရင်စန္ဒသူရိယ၏ ခြောက်ဆက်မြောက်ဖြစ်သော သူရိယစက္ကမင်းသည် ဤဣန္ဒပဗ္ဗတတောင်ကုန်းပေါ်၌ မျက်မှောင်တော်ဓါတ်ကို တည်ထားကိုးကွယ်ခဲ့သည့်ဓာတ်တော်ဖြစ်သည်။











