Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငပြီကျွန်း ရွာ ၂ ရွာမှ လေဘေးရှောင် ၃၂၇ ဦး ကြိမ်ခွေမော်တောင်ကျောင်းသို့ ခိုလုံရန်ရောက်ရှိ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ငပြီကျွန်းရှိ သရက်တောနှင့် ရွာမရွာမှ လေဘေးရှောင်ပြည်သူဦးရေ ၃၂၇ ဦးသည် ကြိမ်ခွေမော် ကျေးရွာနှင့် တောင်ကျောင်းတို့တွင် ခိုလုံရန်ရောက်ရှိကြောင်းသိရသည်။

၎င်းပြည်သူများသည် မိုချာမုန်းတိုင်း၏ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မေလ ၇ ရက်နေ့မှ စပြီး မေလ ၁၀ ရက်နေ့အထိ ရှောင်ပြေးလာခဲ့ရကြောင်းသိရသည်။

လေဘေးရှောင်လာသူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များပါဝင်ပြီး ၎င်းတို့တွင် စားနပ်ရိက္ခာ ၂ ထပ်စာစီပါရှိကာ ကုန်သွားလျှင်လည်း ကြိမ်ခွေမော်ရွာသူ/ရွာသားများနှင့် ဆရာတော်များစုပေါင်း၍ ကူညီသွားမည်ဟု တောင်ကျောင်းဆရာတော်စိန္တိတ က ABN သို့ မိန့်သည်။

“လေဘေးရှောင်လာသူတွေမှာ သက်ကြီးရွယ်အိုတွေပါတယ်၊ ကလေးငယ်တွေလည်းပါတယ်၊ သူတို့မှာ စားနပ်ရိက္ခာ၂ ထပ်စာစီပါတယ်၊ တကယ်လို့ ကုန်သွားရင် ရွာသူရွာသားတွေနဲ့ ဆရာတော်တို့က လိုအပ်တာတွေ ကူညီသွားမယ် “ဟု မိန့်သည်။

ငပြီကျွန်း ရွာ ၂ ရွာမှ လေဘေးရှောင်ဦးရေအိမ်ထောင်စု အရေအတွက်မှာ ၅၅ စုရှိပြီး၊ ဦးရေမှာ ၃၂၇ဦး ရှိသည်။

ကြိမ်ခွေမော်တောင်ကျောင်းရှိ သင်ခန်း၊ ဓမ္မာရုံ၊ ကျောင်းအောက်ထပ်ဆောင်များတွင် ၂၇၇ ဦး နေထိုင်လျက်ရှိပြီး ရွာထဲရှိ ဆွေမျိုးအိမ်များတွင် ၅၀ ဦးရေ ခိုလုံလျက်ရှိသည်။

ခိုလုံသူအများအပြားတွင် အသက် ၁၀ နှစ်နှင့် ၁၀ နှစ်အထက်ကလေးငယ် ကျား၊မ ၃၄ ဦး၊ ၂ နှစ်နှင့် ၂ နှစ်အထက် ကလေးငယ်ဦးရေ ကျား၊မ ၁၃ ဦး၊ ၇၀ နှစ်နှင့် ၇၀ အထက်ဦးရေ ၁၄ ဦးရှိကာ လူကြီးလူငယ်စုစုပေါင်း ၁၆၆ ဦးရှိကြောင်းစုံစမ်းသိရှိရသည်။

ငပြီကျွန်းရှိ အလယ်ရွာမှ ပြည်သူများမှာလည်း စစ်တွေမြို့၊ ကျေးတောရွာမ နှင့် ကျေးတောပိုက်ဆိပ်သို့ သွားရောက်ခိုလုံလျက်ရှိကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ တန်ခိုးကျေးရွာတွင် လူဦးရေ ၅၀ ခန့်လေဘေးရှောင်နေကြသည်ဟု သိရသည်။

ကြိမ်ခွေမော်ရွာတွင် ဆည်ကန်မှ ရေရရှိပြီး၊ လျှပ်စစ်မီးလည်းအဆင်ပြေသည့်အတွက် မိုချာ မုန်တိုင်းရှောင်ပြည်သူများမှာ

အနေအထိုင်အဆင်ပြေကြောင်း ဆရာတော်ထံမှ သိရသည်။

ငပြီကျွန်းမှ ကြိမ်ခွေမော်သို့ မိုင်နှုန်းအားဖြင့် ၃ မိုင်​ကွာဝေးသည်။

ငပြီကျွန်းသည် ပေါက်တောမြို့ နှင့် စစ်တွေမြို့ကြား ကုလားတန်မြစ်ဝတွင်တည်ရှိသည့် ကျွန်းစုဖြစ်ပြီး ရေအလွယ်တကူလွှမ်းမိုးလွယ်သည့် ကျွန်းစုဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ပေါက်တောမြို့နယ် ကြိမ်ခွေမော် တောင်ကျောင်းတွင် လေဘေးရှောင်များအားတွေ့ရစဥ်/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ