Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် သံဃာ ၈၀ ကျော်နှင့် တောရဆောက်တည်နေသည့် ဆရာတော်ကို ဂွမြို့နယ်ရပ်ကျေးသံဃနာယကအဖွဲ့က နှင်ထုတ်

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဆင်ကူးကျေးရွာ၏အနောက်ဖက် ဆပ်သွားချောင်းဖျားနားတွင် ရဟန်း ၈၀ ကျော်နှင့် တောရဆောက်တည်နေသည့် ဆရာတော်ကို ဂွမြို့နယ် ရပ်ကျေးသံဃနာယကဥက္ကဋ္ဌ ဦးပညာဒီပက နှင်ထုတ်ကြောင်းသိရသည်။

တောရဆောက်တည်နေသည့်က ကဝိဓဇဆရာတော်မှာ ဂွမြို့နယ် ဂျိုင်ကောက်ရွာတွင်မွေးဖွားသည့်ရခိုင်လူမျိုးဖြစ်သည်။

မိမိမြေဖြစ်သော ဂွမြို့နယ်တွင် သာသနာပြုရန်အတွက် စာသင်တိုက် ဆောက်လုပ်မည်ကို ရပ်ကျေးသံဃနာယကဥက္ကဋ္ဌ သို့ဦးတိုက်လျှောက်ထားခဲ့ပြီး ၎င်းတို့က ဆောက်လို့ရနိုင်ကြောင်းကတိပေးပြီးမှ ယခုလို စာဖြင့်နှင်ထုတ်ကြောင်း ဆရာတော်ကဝိဓဇက ABN သို့မိန့်သည်။

“စာသင်တိုက်ဆောက်ဖို့အတွက် ရပ်ကျေးသံဃနာယက ဥက္ကဋ္ဌကို ဦးတိုက်လျှောက်ပါတယ်၊ သူတို့ကလည်း ဆောက်လို့ရတယ်လို့ကတိပေးတယ်၊ ဓနိ ၊ မိုးကာနဲ့ယာယီတဲသဘောမျိုးဆောက်ပါတယ်

ဝါဆိုလို့ရအောင်အတွက်ပါ၊ ၁ပတ်လောက်ကြာတော့ ၎င်းတို့က ကျနော်တို့ခွင့်ပြုချက်မရပဲနဲ့ကျူးကျော်ကျောင်းဆောက်တယ်၊ အတင်းသမုတ်တယ် ဆိုပြီးအကြောင်းပြချက်နဲ့ ၇ ရက်အတွင်း သံဃာတွေထွက်သွားဆိုပြီး သံဃနာယကတံဆိပ်တုံးစာနဲ့ နှင်ထုတ်တယ်” ဟု မိန့်သည်။

လက်ရှိတောရဆောက်တည်နေသည့် ရဟန်း၊ သံဃာများနေထိုင်ရန်အတွက် ကျောင်းတကာ များက မိုးမကျမီ အဆောင်များကို အမြန်ဆောက်စေလိုကြောင်းသိရသည်။

အဆိုပါကျောင်းဆောက်လုပ်ခြင်းကို နာလိုသည့်လူနှင့် ၊ မနာလိုသည့်လူများရှိနိုင်သော်လည်း မိမိမွေးရပ်မြေတွင်ကျောင်းဆောက်၍ နှင်ထုတ်ခံရခြင်းသည် နိုင်ငံတကာဥပဒေရော့ လူ့အခွင့်ရေးအရရော့ တရားမျှတမှုမရှိကြောင်းဆရာတော်က ဆက်၍ မိန့်သည်။

“ကျောင်းဆောက်တာနဲ့ပတ်သတ်လို့ နာလိုတဲ့သူရှိသလို မနာလိုတဲ့သူတွေရှိမယ်လို့ထင်ပါတယ်၊ ၊ရခိုင်မိဘနှစ်ပါးက ဆင်းသက်လာတဲ့ မွေးရပ်မြေပဲ၊ ဘယ်တော့မှထွက်သွားမှာမဟုတ်ပါဘူး၊ကိုယ့်ဇာတိမွေးရပ်မြေမှာ အခုလိုနှင်ထုတ်ခံရတာက နိုင်ငံတကာ ဥပဒေအရရော့ လူ့အခွင့်ရေးအရရော့ တရားမျှတမှုရှိပါ့မလား” ဟု မိန့်သည်။

၎င်းတောရကျောင်းတိုက်ရှိ ရဟန်း သာမဏေ ၈၀ ကျော်သည် သစ်ရိပ်၊ ဝါးရိပ်အောက်များတွင်သီတင်းသုံးနေထိုင်လျက်ရှိကြောင်းသိရသည်။

ထိုအကြာင်းအရာများ မှန်၊ မမှန်အတည်ပြုလိုသည့်အတွက်ကြောင့် ABN မှ ရပ်ကျေးသံဃနာယကအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဦးပညာဒိပက ယခုလိုမိန့်သည်။

“သူတို့တွေကိုစာပို့ထားတယ်၊ စာမှာပါတဲ့အတိုင်းပဲ “ဟု မိန့်သည်။

၎င်းတောရကျောင်းတွင် ဗုဒ္ဓဘာသာသာသနာပြုရန်အတွက် ရခိုင်၊ ကရင်၊ ပလောင်၊ ဝ၊ ရှမ်း၊ လားဟူး၊ အခါ၊ ပအို့ဝ်၊ ဗမာ၊ တိုင်းရင်း

သား ရဟန်း သာမဏေများသည် ဗုဒ္ဓစာပေသင်ကြားနေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရဆဲ မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်တွေကို မိုးရာသီ ရေညှိစိမ်းစိမ်းစိုစိုဖြင့် လှပနေတဲ့ ဓာတ်ပုံမြင်ကွင်းများဖြစ်ပါတယ်။
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ