Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့တွင် အမျိုးသား တစ်ဦး ရေနစ်သေဆုံးမှုဖြစ်

ဂွမြို့တွင် အမျိုးသား တစ်ဦး ရေနစ်သေဆုံးမှုဖြစ်

ABN-ရာဟု

ဇွန်လ ၁၅ ရက်

ရခိုင်ပြည် ဂွမြို့ရှိ ကျေးလက်ဦးစီးဌာနရုံး အနောက်ဖက်တွင် အမျိုးသား တစ်ဦးရေနစ်မြုပ်ကာ သေဆုံးမှု ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူမှာ ဂွမြို့ မြို့မရပ်ကွက် အလယ်ရွာ နိဗ္ဗာန်လမ်းတွင်နေထိုင်သူ အသက် ၅၇နှစ်အရွယ် ဦးကျော်လင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၂ရက်နေ့ နေ့လည် ၂နာရီခန့်က ကျေးလက်ဦးစီးဌာနအနောက်ဖက်ရှိ ရေထဲတွင် သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်း၏ရုပ်အလောင်းကို ဆယ်ယူကာ ဇွန်လ ၁၄ ရက်နေ့က အလည်ရွာသုဿန်တွင် မိသားစုဝင်များက မီးသင်္ဂြိုလ်ပေးလိုက်သည်ဟု သိရှိရသည်။

ဇွန်လ ၅ရက်နေ့ ညနေ ၄နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ကြိမ်ချောင်းရွာတွင်လည်း အသက်၅၈နှစ်အရွယ် ဒေါ်မဘုမှာ အစ်မဖြစ်သူ၏ အလှုကို သွားရာလမ်းတွင် ရေနစ်ကာ သေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ