Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေတင်ရန်စက်သုံးဆီလိုအပ်နေ

ABN ကိုဟိန်းထွန်း

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များ သောက်သုံးရေ ရရှိရေးအတွက် စက်သုံးဆီများ အရေးပေါ်လိုအပ်နေ ကြောင်း သိရသည်။

အဆိုပါစခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်အနီးတွင်တည်ရှိပြီး မကြာသေးမီက အသစ်တည်ဆောက်ထားသည့် စခန်းတစ်ခုဖြစ်သည်။

ထိုစခန်းသည် သောက်သုံးရေကို ပေ ၁၅၀၀ အကွာမှ ရေစုပ်စက်နှင့်တင်ယူပြီး သုံးနေရသောကြောင့် ဆီစရိတ် စျေးကြီးနေခြင်းတို့ကြောင့် စက်သုံးဆီများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးကျော်လှက ABN ကိုပြောသည်။

“ကျွန်တော်တို့စခန်းက ချောင်းနဲ့အရမ်းဝေးပါတယ်၊ အဲ့ဒီချောင်းကနေပြီးတော့ ရေစုပ်စက်နဲ့တင်ပြီးရေလှောင်ကန်တွေကို ပို့ပေးနေရပါတယ်၊ ဆီစရိတ်တွေလည်း စျေးအရမ်းကြီးတယ်၊ ကန်တွေကို ရေဖြည့်ဖို့အတွက် စက်သုံးဆီ လိုအပ်နေပါတယ် “ဟု ဆိုသည်။

စက်သုံးဆီ ဆီဂါလံ ၁၄၀ လိုအပ်နေပြီး အခက်အခဲကြုံနေရကာ စက်သုံးဆီမရှိသည့်အတွက်လည်း ရေစုပ်စက်ကို ခေတ္တ ရပ်ထားရသည်ဟု သိရသည်။

ထိုစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၇၈ စု ရှိပြီး ၊စစ်ဘေးရှောင်ဦးရေမှာ ၇၇၈ ဦးဖြင့် ရေအခက် အခဲများနှင့် ရင်ဆိုင်နေရသည့်စခန်းတစ်ခုလည်းဖြစ်သည်။

ICRC က ဝန်ထမ်း ၁ ဦးသည် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး မှတ်တမ်းမှတ်ရာများကောက်ယူ၍ တစ်ပတ်ခန့်စောင့်ပေးပါကြောင်း အဆင်ပြေအောင်လုပ်ပေးမည်ဟုပြောပြီး ယခုထိအကြောင်းမပြန်သေးကြောင်း ၎င်းကဆက်၍ ပြောသည်။

“ICRC ဝန်ထမ်းတစ်ဦးရောက်လာပါတယ်၊ မှတ်တမ်းတွေကောက်ယူတယ်၊ တစ်ပတ်လောက် စောင့်ပေးပါ၊ အဆင်ပြေအောင် လုပ်ပေးမယ်လို့တော့ပြောပါတယ်၊ အခုထိတော့ အကြောင်းမပြန်သေးပါဘူး ” ဟု ဆိုသည်။

ဖေဖော်ဝါလ၂၀ ရက်နေ့က ဦးဝေဟင်အောင်မှ ရေစုပ်စက်၊ ရေပိုက်နှင့် စက်သုံးဆီများကို ဂဏန်းတောင် စစ်ဘေးရှောင်စခန်းသို့ လှူဒါန်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ