Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင်နှင့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတို့တွင် မိုးရာသီအမှီ အဆောင်များ ဆောက်လုပ်ရန်လိုအပ်နေ

ဂဏန်းတောင်နှင့် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတို့တွင် မိုးရာသီအမှီ အဆောင်များ ဆောက်လုပ်ရန်လိုအပ်နေ

ABN-ရာဟု

ဂဏန်းတောင် စစ်ဘေးရှောင်စခန်းနှင့် ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတို့တွင် အဆောင်များကို မိုးရာသီအမှီ ဆောက်လုပ်ရန်လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

ပုဏ္ဏားကျွန်းမြိို့နယ် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းရှိ နေအိမ်များမှာ တာပေါ်လင်အမိုး၊အကာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မိုးရာသီရောက်လာတော့မှာ ဖြစ်သောကြောင့် အဆောင်များကို အမိုး အကာ လုံခြုံအောင် အုန်း (ဓနိ)မိုးအိမ်များဖြင့် ဆောက်လုပ်ရန်လိုအပ်၍ အုန်း (ဓနိ)နှင့် ဝါးများလာရောက်လှူဒါန်းပေးကြစေလိုသည်ဟု စခန်းတာ၀န်ခံ ဦးကျော်လှက ပြောသည်။

“ရှေ့လကုန်ရင် မိုးကျတော့မယ် ၊ ကျနော့တို့မှာကအကုန်တာပလတ်ချာ (တာပေါ်လင်) နှင့်မိုးကာထားတာ၊ မိုးကျလာရင် မိုးရေမလုံဘူး၊ လေတိုက်လိုက်ရင် အကုန်လွှင့်ပါသွားတာ၊ လုံခြုံတဲ့အမိုးအကာရအောင် အုံး (ဓနိ) ရစေချင်တယ် ၊အလှူရှင်တွေ လာရောက်လှူဒါန်းစေချင်တယ်” ဟု ဦးကျော်လှက ABNကိုပြောဆိုသည်။

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းသည် အိမ် ထောင် စု ၁၇၈စု လူဦးရေ ၇၇၈ဦးနေထိုင်သည့်စခန်းတစ်ခုဖြစ်သည်။

ထို့အပြင် ရသေ့တောင်မြို့နယ် ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ်ဆောက်လုပ်ရန် အတွက်သစ်လုံးအိမ်တိုင်များကို UNHCRက လာရောက်လှူဒါန်းထားသော်လည်း အိမ်များဆောက်လုပ်လိုအပ်သည့် ဝါးနှင့်အုံး (ဓနိ)များလိုအပ်နေကြောင်း စခန်းတာဝန်ခံများပြောကြားချက်အရ သိရှိရသည်။

အိမ်တစ်ဆောင်ဆောက်လုပ်ရန် ဝါးအလုံးရေအနည်းဆုံး ၂၀၀ကျော်နှင့် အုန်း(ဓနိ) ၃၀၀ကျော် ၄၀၀ နီးပါးကုန်ကျနိုင်ဟုသိရသည်။ အိမ်တစ်ချို့ကိုဆောက်လုပ်ပြီးစီးနေပြီး ဆက်ဆောက်ရန်ငွေကြေး မရှိသဖြင့် အိမ်များမဆောက်လုပ်ရဘဲရှိနေကြောင်းသိရသည်။

စခန်းကလူတွေက ကိုယ့်ဘာသာကိုယ် ဝါးခုတ် သွားရန် စီစဥ်ထားကြသော်လည်း တောင်တန်းများတွင် စစ်ကျန်မိုင်များ နင်းမိမည်ကို စိုးရိမ်သောကြောင့် မသွားရဲကြကြောင်း စခန်းတာ၀န်ခံ ဦးမောင်စိုးသန်းက ပြောသည်။

“စခန်းမှာလိုနေတာက ဝါးနှင့်အုန်း(ဓနိ)ပဲ၊ အိမ်တစ်ဆောင်ကိုဝါး ၂၀၀ကျော် ၊အုန်း(ဓနိ)၃၀၀ /၄၀၀နီးပါးကုန်တာ၊ စခန်းမှာက ပိုက်ဆံမရှိတော့ မတတ်နိုင်ဘူး၊ဝါးကိုကိုယ်တိုင်သွားခုတ်ဖို့စီစဥ်တာ စစ်တပ်ကမိုင်းတွေ ထောင်ထားတာကို နင်းမိမှာ ကြောက်လို့ မသွားရဲကြဘူးဖြစ်နေတယ်” ဟုစခန်းတာ၀န်ခံက ABNကိုပြောသည်။

လက်ရှိတွင် ကာလပေါက်စျေးအရ ဝါးအလုံးရေ ၁၀၀ ကို ၅သောင်းကျော်မှ ၆သောင်းအထိရှိပြီး အုံး(ဓနိ)တစ်ရာကို စျေး ၄ထောင်ကျော်မှ ၆ထောင်ကြားရှိကြောင်းသိရသည်။

မိုးမကျမီ နေအိမ်များကို ဆောက်လုပ်ပြီးစီးချင်ကြောင်း စခန်းတာဝန်ခံဦးမောင်စိုးသန်းက ပြောသည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်လည်း အိမ်ထောင်စု ၁၇၁စု လူဦးရေ စုစုပေါင်း ၅၆၇ ယောက်ခိုလှုံလျှက်ရှိနေသည်။

ဓာတ်ပုံ-ရန်အောင်မြေစစ်ဘေးရှောင်စခန်း၊ရသေ့တောင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ