Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၁၄ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေကြောင်း ဒုစခန်းတာဝန်ခံက ABN သို့ဖုန်းဆက်ပြောဆိုလာသည်။

၎င်းစခန်းတွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီး ကျောင်းသား/သူ များ ၏ကျူရှင်စရိတ်ပေးနေရသည့်အတွက် စားဝတ်နေရေးအခက်အခဲကြုံနေရကြောင်း ဒုစခန်းတာဝန်ခံ ဦးကျော်လှ ကပြောသည်။

“စစ်ဘေးရှောင်တွေ ရိက္ခာတွေပြတ်တောက်နေကြပါတယ်၊ စားဝတ်နေရေးလည်းဘယ်လိုမှ အဆင်မပြေဘူး၊ ကျောင်းသူ/သားတွေ အတွက်ကျူရှင်လခတွေပေးနေရတော့ အခက်အခဲတွေ့ရတယ်၊ရိက္ခါတွေလိုအပ်နေတယ်” ဟု ဆိုသည်။

ထိုစခန်းတွင် စစ်ဘေးရှောင်များသည် ကြုံရာကျဗန်းအလုပ်အကိုင်လည်း မရှိသည့်အတွက် တောင်တက်၊ ဝါးခုတ်၍ ရသည့်ငွေကြေးအနည်းငယ်နှင့် ခက်ခက်ခဲခဲစားသောက်နေကြရကြောင်း သိရသည်။

ယင်းအပြင်တစ်ချို့ ကျောင်းသူ/သားများသည် ဂဏန်းတောင်၊ သဲတော်တို့ကို ကယ်ရီဖြင့်သွားပြီး ကျောင်းတက်နေရသည့်အတွက် စရိတ်ကုန်ကျမှုများရှိနေကြောင်း သိရသည်။

စားဝတ်နေရေးအခက်အခဲရှိနေသည့်အတွက် ဆန်သုံးဗူးစားမည့်နေရာမှာ ၂ ဗူးခန့်စားနေရကာ အလုပ်အကိုင်လည်းရှားပါးသဖြင့် ဖြစ်သလိုစားသောက်နေကြရကြောင်း စစ်ဘေးရှောင် ဒေါ်ဌေးဌေးရီက ပြောသည်။

“ရိက္ခာတွေမရောက်တာကြာပါပြီ၊ တစ်ချို့မိသားစုတွေဆိုရင် ဆန်သုံးဗူးစားမယ့်နေရာတွေမှာ နှစ်ဗူးလောက်စားနေရတယ်၊အလုပ်အကိုင်လဲရှားပါးတယ်၊ အလုပ်လည်းမရှိတော့ ဖြစ်သလိုစားသောက်နေကြရတယ်၊ ထောက်ပံ့တဲ့အဖွဲ့အစည်းတွေ ကူညီစေချင်ပါတယ် “ဟု ဆိုသည်။

၎င်းစခန်းတွင်အိမ်ထောင်စုအရေအတွက် ၁၁၅စု ရှိပြီး လူဦးရေအရေအတွက် ၄၆၅ ဦးရှိပြီး ၎င်းအထဲမှ မသန်စွမ်းသူ ၈ ဦးရှိကြောင်း သိရသည်။

စစ်ဘေးရှောင်လာသည့် ရွာများမှာ ကွမ်းအုံစု၊ ရွက်မညှိုးတောင်၊ ဗုဒ္ဓေါကျေးရွာတို့မှဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ