Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများအရေးတကြီးလိုအပ်နေကြောင်း သိရသည်။

၎င်းစခန်းတွင် စားဝတ်နေရေးမဖူလုံသည့်အတွက်ကြောင့် စစ်ဘေးရှောင်များသည် အနီးအနားရှိရွာများသို့သွား၍ ပျိုးစိုက်ခြင်း၊ မြောင်းတူးခြင်းများ လုပ်ကိုင်နေရသော်လည်း လုပ်အားခရသည့်ငွေကြေးမှာ နည်းပါးသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း စခန်းတာဝန်ခံ ဦးကျော်နိုင်က ပြောသည်။

“ကျနော်တို့က အနီးအနားကရွာတွေကိုသွားပြီး ကြုံရာကျဗန်းလုပ်ရပါတယ်၊ ​ပျိုးစိုက်တဲ့သူစိုက်၊ မြောင်းတူးတဲ့သူတူးပြီး အလုပ်လုပ်နေရတယ်၊ လုပ်အားခရတဲ့ ပိုက်ဆံကလည်းနည်းတော့ စားဝတ်နေရေးအခက်အခဲတွေ ဖြစ်လာတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်အများစုသည် အလုပ်လက်မဲ့ဖြစ်နေလျှက်ရှိနေကာ စားဝတ်နေရေးမဖူလုံမှုများကြောင့် အလုပ်သွားရှာရန်အတွက် ဆိုင်ကယ် ဆီစရိတ်များကုန်ကျခြင်းများ ၊ ကုန်စျေးနူန်းမြင့်မားမူများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၂၉ စုရှိပြီး လူဦးရေ အရေအတွက်မှာ ၅၄၇ ဦး ရှိကြောင်း သိရသည်။

၎င်းထဲတွင် မသန်စွမ်းသူ ၇ ဦးရှိနေကာ နားမကြာသူ၊ မျက်စိကွယ်နေသူ၊ လေဖြတ်နေသူ နှင့် မွေးရာပါကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများလည်းရှိကြောင်း သိရသည်။

အလုပ်အကိုင်ရှားပါးလာခြင်းနှင့် တစ်နေ့တာဝင်ငွေ နည်းပါလာသည့်အတွက် အလုပ်လက်မဲ့ဖြစ်ကာ ကူညီနိုင်သည့်အဖွဲ့အစည်းများမှ ထောက်ပံ့ပေးစေချင်ကြောင်း ၎င်း မှ ဆက်၍ပြောသည်။

“အလုပ်ကလဲမရှိဘူး၊ တစ်နေ့လုပ်လို့ ရတဲ့ပိုက်ဆံကလည်း လုံလောက်မှုမရှိဖြစ်နေပါတယ်၊ အလုပ်လက်မဲ့ဖြစ်နေသူတွေက များပါတယ်၊ ကူညီနိုင်တဲ့အဖွဲ့အစည်းတွေက ကူညီပေးစေချင်ပါတယ် ” ဟုဆိုသည်။

ကျောင်းသား/ ကျောင်းသူတစ်ချို့မှာလည်း ငွေကြေးမပြေလည်သည့်အတွက် ကျူရှင်ခ မပေးနိုင်သည့် မိသားစုလည်းရှိနေကြောင်းသိရသည်။

လက်ရှိတွင် ရခိုင်ရှိစစ်ဘေးရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာအဆင်မပြေမှုများစွာ ရှိနေသည့်အပြင် နိုင်ငံတာကာမှ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများမှလည်း ကူညီထောက်ပံ့ပေးမှု အားနည်းနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ