Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းကို မပြုပြင်နိုင်သည့်အတွက် ကလေးများကျောင်းတက်ရန်အခက်ခဲရှိနေ

ABN-ထက်မြတ်ခင်

ဇူလိုင် ၅ရက်

ရခိုင်ပြည်တွင် မေလ ၁၄နေ့က တိုက်ခတ်ခဲ့သည့် မိုးခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည် ပုဏ္ဏားကျွမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များမှည မုန်တိုင်းရှောင်ရန် တခြားနေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

မုန်တိုင်းပြီးနောက် ၎င်းတို့စစ်ဘေးရှောင် စခန်းသို့ ပြန်လာချိန်တွင် အဆောင်များအပြင် စစ်ဘေးရှောင် ကျောင်းသားများအတွက် ဆောက်ထားသည့် စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့ရသည်။

ထိုကျောင်းတွင် သူငယ်တန်းမှ ၈တန်းအထိ ကိုယ်ထူကိုယ်ထ သင်ကြားပေးနေခဲ့သည့် ဝါးကျောင်းဖြစ်ပြီး ၂ လနီးပါး ကြာလာသည့်တိုင် ပြန်လည် မဆောက်လုပ်နိုင်သေးသည့်အတွက် ကျောင်းသားများမှာ နီးစပ်ရာ ရွာများသို့ သွားရောက် ပညာသင်ယူနေကြရကြောင်း သိရသည်။

“ကျနော်တို့ စခန်းက ကလေးတွေက ငယ်လည်း ငယ်သေးတယ်။ ကျောင်းသွားတက်ရတာက သူတို့အဖို့ အရမ်းဝေးတယ်။ မိုးရွာတဲ့ နေ့တွေဆို ပိုဆိုးတာပေါ့။ ကျန်းမာရေးအတွက်ပါ စိုးရိမ်ရပါတယ်။ ကျနော်တို့ ဖြစ်နိုင်မယ်ဆိုရင် စခန်းထဲမှာ ဝါးကျောင်းလေး ပြန်ဆောက်ချင်ပါတယ်” ဟု စခန်းတာဝန်ရှိသူက ပြောသည်။

ကျောင်းသားများမှာ မြတ်လေး၊ ချောင်းဒူ၊ ဂဏန်းတောင်စသည့် ကျေးရွာများတွင်သွားရောက်တက်နေကြရသည်ဟု ဂဏန်းတောင်စစ်ဘေးရှောင်စခန်းက ဦးကျော်လှပြောကြားချက်အရသိရသသည်။

“ကျနော်တို့ စခန်းကို မုန်တိုင်းပြီးတာနဲ့ရောက်တော့ စခန်းတစ်ခုလုံးဘာမှ မကျန်ရှိတော့ပါ။ ကျတော်တို့လည်း ကိုယ့်အိမ်ကိုယ်လုပ်နေတာနဲ့ ကျောင်းလုပ်ဖို့ကငွေမပိုပါ အခုဆိုကလေးတွေ ချောင်းဒူ၊ မြတ်လေး၊ ဂဏန်းတောင်ရွာတွေမှာ တက်ကြရပါတယ်။ ထမင်းကိုကျတော့မိဘတွေသွားပို့ပေးနေရတာပေါ့” ဟုပြောသည်။

ကဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၁၃၉ စုရှိပြီး မိုခါမုန်တိုင်းကြောင့် အဆောင်များအားလုံးပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန်အတွက် မည်သည့်အဖွဲ့အစည်းကမှ အကူအညီရရှိခြင်းမရှိဟု ပြောသည်။ သို့သော်လည်း WFPမှ ပေးသည့် လစဥ် ပုံမှန်ထောက်ပံ့ငွေကိုရရှိကြောင်း ပြောသည်။

“ပျက်စီးသွားတာကတော့ စခန်းတစ်ခုလုံးပါ ကျတော်တို့ကို ဘယ်အဖွဲ့အစည်းမှ ဝါး၊ သစ်စတဲ့ ပစ္စည်းတွေကို ကူညီပေးတာမရှိသေးပါ။ ကိုယ့်ဟာကိုယ်ကြံဖန်ပြီး တည်ဆောက်ထားရတာပါ” ဟုပြောသည်။

ကဏန်းတောင် စစ်ဘေးရှောင်းခန်းနေထိုင်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ချောင်းဒူ၊ ဗုဒ္ဓတော၊ စည့်ကျေးရွာများမှ ဖြစ်ကြသည်။

ဓာတ်ပုံ-မုန်တိုင်းအလွန် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမြင်ကွင်းနှင့် ယခင်က စာသင်ကျောင်းပုံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ