Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခိုင်ရာဇာနိ၊ ဖေဖော်ဝါရီ (၁၁) ရက်

ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်လူမျိုးများကိုယ်တိုင် ပြဌာန်းဆုံးဖြတ်ခွင့်ရဟိရီး၊ အမျိုးသားတန်းတူရီး၊ ရက္ခိုင်အမျိုးသားတပ်တော်တစ်ခုတည်ဆောက်ရီးရို့အတွက် အမျိုးသားတော်လှန်ရီးတစ်ရပ်ကို ဆင်နွှဲနီကတ်စဥ်ကာလအတွင်း ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်၊ ကရင်တော်လှန်ရီး ဂေါင်းဆောင် (၆) ဦးအား ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်နိတွင် အိန္ဒိယအစိုးရမှ အယုံသွင်းကာ ဥပါယ်တံမျဥ်သုံး၍ အန်ဒမန်ကျွမ်းစုအတွင်းဟိ Landfall ကျွန်းပေါ်တွင် လုပ်ကြံသတ်ဖြတ်ခကတ်သည်။

ထို့အပြင် ၎င်းဂေါင်းဆောင် (၆) ဦးနန့်အတူလိုက်ပါလာသော ရခိုင်၊ ကရင် တော်လှန်ရီး ရဲဘော် (၃၄) ဦးအား အိန္ဒိယအစိုးရမှ ဖမ်းဆီးကာ နှစ်ပေါင်း တစ်ဆယ်ကျော်ကြာ အကျဥ်းချထားခသည်။

ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ဂေါင်းဆောင် (၆) ဦးအား မြန်မာအစိုးရမှ အိန္ဒိယအစိုးရနှင့်အတူ ပူပေါင်းလုပ်ကြံသတ်ဖြတ်ခသည်မှာ ဂနိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နိဆိုလျှင် (၂၅) နှစ်ပြည့်၊ ငွေရတုတိုင်ခဗျာယ်ဖြစ်ပါသည်။ ရက္ခိုင်တော်လှန်ရေး တက်ရိပ်ပြနီသည့် အချိန်တွင် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးလားခြင်းသည် ရက္ခိုင့်တော်လှန်ရီးအတွက် များစွာနစ်နာဆုံးယှုံးသော ဖြစ်ရပ်ဖြစ်ခသည်။

ခိုင်ရာဇာနိ၊ ဖေဖော်ဝါရီ (၁၁) ရက်

ထင်မြင်ယူဆချက်‌‌ပေးရန်