Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်သားများက ဒေသခံ ၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွား

ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်သားများက ဒေသခံ ၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွား

AB News – ဧပြီ ၆၊ ၂၀၂၄.

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ အခြေစိုက် သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံတစ်ဦးအား ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့နယ် စစ်တောအုပ်စု စည်မော်ရွာမှ အသက် ၃၀ ကျော်အရွယ် ကိုဝေတင်အောင်ဖြစ်ကြောင်း သိရသည်။

သစ်ပုတ်တောင် ရေတပ်ဌာနချုပ်မှ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်သားများသည် ယနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းက စည်မော်ရွာသို့ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေက လက်နက်ခဲယမ်းအပြည့်နဲ့ ရွာထဲကိုဝင်လာတယ်။ ပြီးတော့ ကိုဝေတင်အောင်ကို ဖမ်းပြီး ရိုက်တယ် ၊ ဖမ်းဆီးသွားတယ်။ မေးမြန်းတာလဲဘာမှမရှိဘူး” ဟုဆိုသည်။

၎င်းရွာသို့ ဝင်စဥ်အတွင်း စစ်ကောင်စီတပ်သားများ ရွာပတ်ပတ်လည်တွင် ကင်းပုန်းချပြီးမှ ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုကား မသိရှိရသေးပေ။

အပြစ်မဲ့ပြည်သူတစ်ဦးက ဖမ်းဆီးသွားခဲ့သည့်အတွက် မိသားစုဝင်များမှာလည်း စိုးရိမ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ နေ့လည် ၁ နာရီ ကျော်တွင်လည်း အမ်းမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၃၇၂ တပ်ရင်းမှ တပ်သား ၃၀ ကျော်သည် အမ်းမြို့နယ် ညောင်ပင်ဝိုင်း ဘုန်းကြီးကျောင်းသို့ လာရောက်ပြီး စစ်ဘေးရှောင်အမျိုးသား တစ်ဦးအား ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၂ နှစ်အရွယ် ဦးဇင်မင်းမင်းဖြစ်ပြီး ၎င်းမှာ လုံးရွာဇာတိဖြစ်ပြီး ညောင်ပင်ဝိုင်း ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ရက္ခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲတွင် ကျား ၄၂၄ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဧပြီလ ၄ ရက်နေ့ကထုတ်ပြန်ထားကြောင်း တွေ့ရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ