Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူ ကျောက်တစ်လုံးမူဆလင်ဒုက္ခသည်စခန်း နေရာသစ်ကို ယနေ့စတင်ရွှေ့ပြောင်း

ABN -ရာဟု

ရခိုင်ပြည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်ခန်းမှ ဒုက္ခသည်များကို အသစ်ဆောက်လုပ်ထားသည့် နေရာသစ်သို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ရွှေ့ပြောင်းကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ကျောက်တစ်လုံး မူဆလင်ဒုက္ခသည်များ နေထိုင်မည့် စခန်းသစ်မှာ လက်ရှိနေသည့် စခန်းဟောင်းမှ ၁ ဖာလုံအကွာတွင် ၂၀၂၀ခုနှစ်က စတင်အကောင် အထည်ဖော် တည်ဆောက်ထားခြင်းဖြစ်သည်။

စခန်းသစ်ကို ယနေ့ ဧပြီလ ၂၃ရက်နေ့တွင် အိမ်ထောင်စု ၂၄စု စတင်ပြောင်ရွှေ့ထားပြီး အကုန်လုံးကို မေလ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့သွားမည်ဟု ကျောက်တစ်လုံးအုပ်ချုပ်ရေးမှူး ကပြောသည်။

“ကျနော်တို့ စခန်းသစ်ကို ဒီနေ့ စပြီးအိမ်ထောင်စု ၂၄စုကို ပြောင်းရွှေ့လိုက်တယ်၊ မတ်လ ၁၅ရက်နေ့ကို နောက်ဆုံးထားပြီး အပြီးပြောင်းမယ်” ဟု ကျောက်တစ်လုံးအုပ်ချုပ်ရေးမှူးဦးမောင်နီက ABN သို့ ပြောသည်။

စခန်းသစ်တွင် နေအိမ်၊ ဆေးခန်း၊စာသင် ကျောင်း၊ လုံခြုံရေးစခန်း၊ အုပ်ချုပ်ရေးမှူးရုံးများပါဝင်သည်။

နေအိမ်များမှာလည်း အလျားပေ ၄၀နှင့် အနံ ပေ ၃၀ရှိ မိသားစုလိုက်နေထိုင်ရန် သီးခြားအိမ်များဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးအတွက် ဆေးခန်းလည်းပါရှိသည့်အတွက် အဆင်ပြေကာ နေချင်စရာကောင်းကြောင်း စခန်းနေ မူဆလင် ဒုက္ခသည်တစ်ဦးကပြောသည်။

“စခန်းသစ်မှာ အကုန်ပါတယ်၊ နေအိမ်၊ဆေးခန်း၊ စာသင်ကျောင်း၊ လုံခြုံရေးစခန်း၊ အုပ်ချုပ်ရေးမှူးရုံးတွေပါတယ်လေ၊ အိမ်တွေက ပေ၄၀နဲ့၃၀ ပေအထိရှိတာ၊ ကျန်းမာရေးလည်း မပူရတော့ဘူး၊ အဲမှာနေဖို့ ကောင်းတယ်” ဟု စခန်းနေ ဦးအာမောက်က ABNသို့ပြောထားသည်။

လက်ရှိကျောက်တစ်လုံးမူဆလင် ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၃၇၅စု၊ လူဦးရေ ၁၀၇၅ဦး နေထိုင်သည့် စခန်းတစ်ခုဖြစ်သည်။

၂၀၂၁ခုနှစ်ကဖြစ်ပွားသည့် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အရာရှိ ၊ ပိုက်သည်ရပ် ၊ သဗ္ဗာန်ချောင်းနှင့် ပြင်ဖြူမော် ရပ်ကွက်များမှ မူဆလင် ဒုက္ခသည်များနေထိုင်ရန် အာဏာပိုင်များက စုစည်းနေရာချပေးထားခြင်းဖြစ်သည်။

ဓာတ်ပုံ-စခန်းသစ်ပုံများ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ