Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူအကျဥ်းထောင်မှ မူဆလင် ၁၉ ဦး လွတ်မြောက်

ABN – သူရမောင်

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ယနေ့ ဇန်နဝါရီလ ၄ ရက်၊ မြန်မာ့လွတ်လပ်ရေးနေ့တွင် ကျောက်ဖြူအကျဥ်းထောင်မှ မူဆလင် ၁၉ ဦးကို လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်၊ နံနက်ခင်း ၉ နာရီ ၄၅ မိနစ်တွင် ထိုမူဆလင် ၁၉ ဦးကို ကျောက်ဖြူ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အာမခံဖြင့် လွှတ်ပေးလိုက်သည်ဟု သိရသည်။

သူတို့ကို ကျောက်ဖြူထွေအုပ်ရုံးက အာမခံပေးပြီး ခေါ်ထုတ်သွားတာပါ၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းကို ပို့မယ်လို့တော့ ကြားပါတယ် ဟု ကျောက်ဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

ထိုလွှတ်ပေးလိုက်သည့် မူဆလင် ၁၉ ဦးတို့၏ နေရပ်ဇာတိကို သေချာမသိရှိရသေးသည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ကျောက်ဖြူ ကျောက်တစ်လုံး မူဆလင် ဒုက္ခသည်စခန်းတွင် ယာယီနေခိုင်းမည်ဟု သိရသည်။

သူတို့က ဘယ်ကလဲဆိုတာကို အတိအကျမသိပါဘူး၊ လောလောဆယ်မှာတော့ ကျောက်တစ်လုံး ဒုက္ခသည် စခန်းမှာ ယာယီနေခိုင်းထားမယ်လို့ သိရပါတယ် ဟု ၎င်းကဆက်ပြောသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်မှ တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်အသီးသီးမှ အကျဉ်းသား ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လျော့ပေါ့ လွှတ်ပေးလိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ် News of Myanmar မှ ဖော်ပြခဲ့သော်လည်း ယနေ့လွှတ်ပေးလိုက်သည် မူဆလင် ၁၉ ဦးမှလွဲ၍ ရခိုင်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ရခိုင်အရပ်သားပြည်သူ အကျဉ်းသား တစ်ဦးတစ်ယောက်မျှ မလွတ်သေးသည်ကို တွေ့ရသည်။

ကျောက်ဖြူအကျဥ်းထောင်မှ  မူဆလင် ၁၉ ဦး လွတ်မြောက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ