Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူသို့ မင်းအောင်လှိုင်နှင့် အဖွဲ့ရောက်မည်ဟု သတင်းများထွက်ပေါ်

ABN – သူရမောင်

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရခိုင်ပြည် ကျောက်ဖြူမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့တို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများထွက်​ပေါ်လျက်ရှိသည်။

ကျောက်ဖြူမြို့၊ ခမရ တပ်ရင်း ၅၄၂ သို့ ရောက်ရှိကာ ကျောက်ဖြူမြို့ စီးပွားရေးဇုန်၊ GTC ကျောင်းနှင့် ကျောက်ဖြူမြို့ အခြေအနေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ကတော့ ဒီနေ့ရောက်မယ်လို့ ကျွန်တော်တို့ ကြားရပါတယ်၊ မင်းအောင်လှိုင်းအပါအဝင် စစ်ကောင်စီက အကြီးအကဲတွေလည်း ပါမယ်လို့ သိရပါတယ်၊ ပြီးတော့ ကျောက်ဖြူ စီးပွားရေးဇုန်၊ GTCကျောင်းနဲ့ ကျောက်ဖြူမြို့အခြေအနေကို စစ်ဆေးသွားမယ်လို့ ပြောပါတယ်” ဟု အမည်မဖော်လိုသည့် သတင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကလည်း ကျောက်ဖြူမြို့ GTC ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းကို စစ်ဆေးရန်အတွက် စစ်ကောင်စီမှ ဝန်ကြီး ၆ ဦးသည် ဇန်နဝါရီလ ၈ ရက်နေ့က ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကာ ကျောက်ဖြူ အမုန်းတရားကင်းမဲ့ဇုန်အနီးရှိ ဟိုတယ်တွင် တည်းခိုနေကြောင်း သတင်းရရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့ ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကြပြီး စစ်တပ်မိသားစုဝင်များနှင့်တွေ့ဆုံခြင်းနှင့် ကျောက်တစ်လုံး မူဆလင်ဒုက္ခသည်စခန်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကျောက်ဖြူသို့ မင်းအောင်လှိုင်နှင့် အဖွဲ့ရောက်မည်ဟု သတင်းများထွက်ပေါ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။