Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမှ အရပ်သား တစ်ဦးကို အကြမ်းဖက် ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည် ကျောက်ဖြူမြို့မှ အရပ်သား တစ်ဦးကို အရပ်ဝတ် ဝတ်ထားပြီး လက်နက်ကိုင်ထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ည ၉ နာရီခွဲခန့်က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားကြောင်း ရပ်ကွက်သားများက Arakan Bay News ကိုပြောသည်။

ဖမ်းဆီးခံရသူမှာ ဦးအလှ၏သား ကိုအောင်လင်း အသက် ၄၀ အရွယ်ဖြစ်ပြီး ၎င်းသည် ကျောက်ဖြူမြို့ တိုးချဲ့ရပ်ကွက် ၄ လမ်းတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်သည်။

လာရောက်ဖမ်းစဥ် ဧည့်စာရင်းစစ်မည်ဟုဆိုကာ တံခါးဖွင့်ခိုင်းခဲ့ပြီး လူ ၁၀ ဦးကျော်ခန့်ပါကာ အရပ်ဝတ် ဝတ်ထားလျက် သေနတ်ကိုယ်စီပါကြောင်း မျက်မြင်ရပ်ကွက်သားများကပြောသည်။

“သူတို့ (စစ်ကောင်စီတပ်သားများ) အိမ်ရှေ့ရောက်လာပြီး ဧည့်စာရင်းစစ်မယ် တံခါးဖွင့်ဆိုပြီး ပြောတယ် ကိုအောင်လင်းအိမ်ရှင်မက တံခါးဖွင့်လိုက်တော့ ကိုအောင်လင်းကို ဘာမှ မပြောမဆိုဘဲ ဖမ်းပြီး ပြန်သွားကြတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ကိုအောင်လင်းကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း စုံစမ်းနေကြသော်လည်း ယခုအချိန်ထိ မည်သည့်သတင်းမှ မရရှိသေးကြောင်း ပြောကြသည်။

ကိုအောင်လင်း၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်အရင့်အမာဖြင့် လာမည့်တပတ်အတွင်း ကလေးမွေးဖွားရန်ရှိနေကြောင်းလည်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ကျောက်ဖြူမြို့နှင့် ကျောက်ဖြူမြို့အနီး ကျေးရွာများမှ အရပ်သားများကို ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ မိသားစုဝင်များမှာ စုံစမ်း၍ မရကြသေးပေ။

ကျောက်ဖြူမှ အရပ်သား တစ်ဦးကို အကြမ်းဖက် ကောင်စီတပ်က ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။