Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမှ မင်းပြားသို့ စစ်ကောင်စီ စစ်ရေးရိက္ခာ အင်အားများပို့

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ကျောက်ဖြူမြို့မှ မင်းပြားဖက်သို့ စစ်ကောင်စီမှ လူအင်အား နှင့်လက်နက်အင်အားများကို ယနေ့နံနက် ၆နာရီ ၂၀မိနစ်အချိန်တွင် ပို့ဆောင်ရန်သွားသည်ဟုသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ရက်နေ့က ကျောက်ဖြူ သစ်ပုတ်တောင်ရေတပ်စခန်းမှ စစ်သားအင်အားနှင့် လက်နက်ခဲယမ်းအပြည့်တင်ကာ ဇက်နေဗီ ၁စီးသည် စစ်တွေ ရွှေမင်းဂံရေတပ်သို့ရောက်ရှိလာပြီး ထိုမှတဆင့် ယနေ့နံနက်ပိုင်းတွင်နေဗီ ၂စီးဖြင့် စစ်သားအင်အားနှင့် လက်နက်ခဲယမ်းအင်အားများကို မင်းပြားဖက်သို့ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ဇန်နဝါရီကလည်း စစ်ကား ၃၀ဖြင့် ၎င်းနေဗီများအား ရိက္ခာဖြည့်ခဲ့သည်ဟု ခိုင်မာသည့်သတင်းအရင်းအမြစ်ပြောကြားချက်အရသိရသည်။

“ဒီနေ့ ရွှေမင်းဂံရေတပ်ကထွက်သွားတာကတော့ နေဗီ၂စီးပါ အထဲမှာတော့ယမန်နေ့က ကျောက်ဖြူကလာတဲ့ နေဗီ ၁စီးနှင့် စစ်ကားအစီး ၃၀နဲ့ တင်လာတဲ့ စစ်သားအင်အား ၂၀၀ ခန့်လောက်နှင့် လက်နက်ခဲယမ်းအပြည့်ပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၆ရက် နေ့ကလည်း ကျောက်ဖြူသံဇစ်မြစ်တလျှောက်တွင် နေဗီများ သွားလာလှုပ်ရှားမှုများရှိခဲ့သည်ဟု ABNစုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် ရခိုင်တွင် အပစ်ရပ်ထားသော ကာလ၌ တိုက်ခိုက်ရေးစစ်သားအင်အားများနှင့် ရိက္ခာများကို နေ့စဥ်နီးပါး ဖြည့်နေပြီး၊ ဗမာပြည် စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်၊ ကချင်ပြည်များတွင်လည်း ဂျက်ဖိုက်တာ တိုက်လေယာဥ်များဖြင့် နေအိမ်အိမ်များ ရပ်ရွာများကိုပါ တိုက်ခိုက်လျက်ရှိနေသည်။

ကျောက်ဖြူမှ မင်းပြားသို့ စစ်ကောင်စီ စစ်ရေးရိက္ခာ အင်အားများပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ