Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့ရှိ စစ်ကောင်စီအဖွဲ့က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

AB News – ဧပြီ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယနေ့ ဧပြီလ ၁ ရက်၊ ညနေ ၇ နာရီကျော်အချိန်မှ စ၍ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေကြောင်း ကျောက်ဖြူမြို့ခံများက အတည်ပြုပြောဆိုသည်။

“လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတယ်။ ဘယ်နေရာက ပစ်နေတော့ မသိပါဘူး။ မိုးခြိမ်းသံလို ကြားနေရတယ်။ ပစ်သံတော့ ၇ကြိမ်ထက် မနည်း ကြားရတယ်” ဟု မြို့ခံ ၁ဦးက ဆိုသည်။

ကျောက်ဖြူမြို့မဈေးအနီးရှိ သံဇစ်မြစ်၌ ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ၏ ရေတပ်နေဗီက လက်နက်ကြီး ပစ်ခတ်ခြင်း ဖြစ်ကြောင်းလည်း ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်ဖြူမြို့အခြေစိုက် ၅၄၃ တပ်ရင်းမှ ပစ်ခတ်သည့်အပြင် GTC ကျောင်းအနီးရှိ စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကုန်းမှ ၂ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု နောက်ထပ် မြို့ခံ ၁ဦးက ပြောသည်။

“ကြားရတာကတော့ နားကွဲထွက် မတတ်ပါဘဲ။ နေအိမ်တွေတောင် လှုပ်သွားတယ်။ အရင်က ပစ်ခတ်တဲ့ အသံနဲ့ မတူဘူး။ အခုလည်း ပစ်ခတ်သံ ကြားရပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့မှ မြို့ခံပြည်သူများမှာ စစ်ကောင်စီအဖွဲ့က မြို့အတွင်းရှိ လူနေရပ်ကွက်များကို အကြမ်းဖက် ပစ်ခတ်လာမည်ကို စိုးရိမ်နေသည်ဟု ပြောဆိုသည်။

ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် မြေပုံမြို့နယ်၊ ကျွန်းသာယာရွာအနီးတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ကျောက်ဖြူ ဒေသခံများက ဆိုသည်။

ယမန်နေ့ မတ်လ ၃၁ ရက်နေ့ညက ကမ်းထောင်းကြီးမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကမ်းထောင်းကြီးမြို့မှ နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့ရပြီး မူလွန်ကျောင်းမှာလည်း ပျက်စီးခဲ့ရသည်။

ရက္ခိုင်တွင် စစ်ရေး၊ နိုင်ငံရေး အရှုံးနှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေ့စဉ်ရက်ဆက် သေကြေပျက်စီးနေရသည်။

ဓာတ်ပုံ- စစ်ကောင်စီပစ် လက်နက်ကြီးကျည်အား တွေ့ရစဥ်/CJ

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ