Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့မှ အုပ်ချုပ်ရေးမှူး တစ်ဦးအား စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီ

ရခိုင်ပြည် ကျောက်ဖြူမြို့မှ အုပ်ချုပ်ရေးမှူး တစ်ဦးအား ယနေ့ နိုဝင်ဘာလ ၂၅ရက်ရက်နေ့ စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးသွားကြောင်းသိရသည်။

အဆိုပါဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ သန်ပန် ချောင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနိုင်ဇော်လင်း ဖြစ်ပြီး ၎င်းအား နိုဝင်ဘာလ ၂၅ရက် ညဥ့်သန်ခေါင်ယံ ၁နာရီ ဝန်းကျင်အချိန်လောက်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားပြီး ဖမ်းဆီးသည့်အကြောင်းရင်းကို မသိရသေးကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ABNကိုပြောသည်။

ကျောက်ဖြူတွင် အုပ်ချုပ်ရေးမှူးများဖမ်းဆီးခံနေရ
ကျောက်ဖြူတွင် အုပ်ချုပ်ရေးမှူးများဖမ်းဆီးခံနေရ

စစ်ကောင်စီတပ်က လာဖမ်းသွားတာပါ။ ဖမ်းသွားတာကတော့ ညဥ့် ၁နာရီဝန်းကျင်လောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရေသးပါဘူး“ဟု ဆိုသည်။

ကျောက်ဖြူမြို့မှ စေတိယျရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုလည်း ယခုလ နိုဝင်ဘာလ အစပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ယခုအချိန်ထိ ချုပ်နှောင်ထားဆဲဖြစ်သည်။

ထို့အပြင် ရဲတပ်ကြပ် ၃ ဦးအပါအဝင် အစိုးရဝန်ထမ်းများစွာကိုလည်း ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။