Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့မှ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုရင်ဆိုင်နေရသောသူများကို ၁၅ကြိမ်မြောက် ရုံးထုတ်၊ တရားလို တကြိမ်မျှ ရုံးချိန်းမတက်ရောက်သေး

ကျောက်ဖြူမြို့မှ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုရင်ဆိုင်နေရသောသူများကို ၁၅ကြိမ်မြောက် ရုံးထုတ်၊ တရားလို တကြိမ်မျှ ရုံးချိန်းမတက်ရောက်သေး

ABN – ရှိုင်းမိုး

ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသော ပြည်သူ ၆၀ ကျော်ထဲမှ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူများကို ယမန်နေ့ ၁၀နာရီ ၃၀မိနစ်အချိန်တွင် ၁၅ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ထို ၆၀ထဲမှ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို ရုံးထုတ်ခဲ့ပြီး၊ စစ်ကောင်စီဖက်မှ တရားလိုမ‌ရောက်သည့်အတွက် ရုံးချိန်း ထပ်မံ ရွှေ့လိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။

“ရုံးထုတ်တာ ၁၅ကြိမ်ရှိပါပြီ၊ တကြိမ်မှ တရားလိုမရောက်ပါဘူး၊ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ထဲကရုံးတတ်နေရတာပါ၊ ဒီအပတ်လည်းမရောက်ပြန်ဘူး၊ ရုံးထပ်ချိန်းလိုက်ပါတယ်၊ အဖေကတော့ နေကောင်းတယ်ပြောပါတယ်” ဟု ပြောသည်။

ပြည်သူ ၆၀ကို တရားစွဲဆိုထားသည့် တရားလိုများမှာ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့ဖြစ်ပြီး၊ သူတို့ ၂ဦးသည် တစ်ကြိမ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ပြည်သူများအားလုံးကို ၂ လအတွင်း ပြန်လည်လွှတ်ပေးရမည်ဟု ကတိကဝတ်ပါကြောင်း AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။

“၂လအတွင်းပြန်လွှတ်ပေးရမယ်လို့ကတိပြုထားပြီးတော့ ဘာကြောင့် ပြန်မလွှတ်ပေးသေးတာလဲ၊ ဒီအတိုင်းဆိုရင် သူတို့ဖက်က ကတိမတည်နိုင်ဘူးလို့ပြောရမယ်၊ နိုင်ငံရေးမှာ ဒီလိုမျိုးရှိလားသိချင်တယ်၊ ကျွန်တော်လည်း နိုင်ငံရေးကိုနားလည်တာမဟုတ်ဘူး၊ ဒါပေမယ့် ပေးထားတဲ့ ကတိကိုတော့ မတည်တာလို့ပြောရမှာပေါ့” ဟု ကျောက်ဖြူဒေသခံတစ်ဦးကဝေဖန်ပြောဆိုသည်။

ရခိုင်တွင် မင်းပြား၊ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ အမ်း စသည့်မြို့တို့တွင်လည်း စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်ကောင်စီထောင်နှင့် အချုပ်ထဲတို့တွင် ရခိုင်ဒေသခံ ၂၀၃ဦးအထိရှိနေသေး သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။