Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့မှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲခံထားရသည့် အမှုများတွင် ရုံးချိန်းကို တရားလိုမရောက်သည့်အကြိမ်များလာ၍ မိသားစုဝင်များ စိတ်ပျက်နေ

ကျောက်ဖြူမြို့မှ မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲခံထားရသည့် အမှုများတွင် ရုံးချိန်းကို တရားလိုမရောက်သည့်အကြိမ်များလာ၍ မိသားစုဝင်များ စိတ်ပျက်နေ

ABN – သူရမောင်

ကျောက်ဖြူမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသည့် အရပ်သားများ၏ အမှုတွင် ရုံးချိန်းချိန်များကို တရားလိုမရောက်သည့် အကြိမ်အရေအတွက်များလာသဖြင့် အမှုရင်ဆိုင်နေရသည့် မိသားစုဝင်များ စိတ်ပျက်လာနေကြောင်း သိရသည်။

ကျောက်ဖြူမြို့မှ အရပ်သားများကို ULA/AAနှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ တရားလိုလုပ် တရားစွဲဆိုထားသည့် အမှုသည် ၆၀ ကျော်ထိရှိနေပြီး၊ ၎င်းတို့အား ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးချိန်းများကို ပုံမှန်ထုတ်နေသော်လည်း တရားလိုလုပ် စွဲဆိုထားသည့် စစ်ကောင်စီဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့မှာ တစ်ကြိမ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၇ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလိုမ‌ရောက်သည့်အတွက် ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။

“၂၀ ရက်နေ့က ရုံးထုတ်ပါတယ်၊ ပုံမှန်အတိုင်းပါပဲ၊ ရုံးချိန်းရောက်တယ်၊ ရက်ချိန်းပေးပြီးတော့ ပြန်လွှတ်လိုက်ပါတယ်၊ သူတို့က အဲလိုလုပ်လာတော့ အရမ်းကို စိတ်ပျက်လာပါပြီ။ အကုန်အကျကလည်း တော်တော်များလာပါတယ်၊ ကျမတို့မှာက ရှိတဲ့သူတွေ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုယ့်အဖေအတွက်ဆိုတော့ ဘယ်လောက်ပဲ ကုန်ပါစေ၊ ကိုယ့်အဖေ အထဲမှာ ကျန်းမာနေဖို့ပါပဲ၊ အဖေက သိပ်လည်း နေကောင်းတာမဟုတ်ဘူး၊ ဒီတစ်ခေါက်လည်း ဖျားလာတယ်” ဟု ပြောသည်။

ထို့အပြင် အခြားသော ဖမ်းဆီးခံထားရကာ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူမြို့မှ အခြားအရပ်သားများမှာလည်း ရုံးချိန်းချိန်များကို ပုံမှန်တက်နေရကြောင်း၊ တရားလိုမ‌ရောက်သည့်အတွက်ကြောင့် ရုံးချိန်းများကို ထပ်မံ၍ ရွေ့ဆိုင်းခံနေကြရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။